''နယ်စပ်ဘက်မှာစစ်သည်အလုံအလောက်ပို့ပြီးပါပြီ မင်းကြီး''
''အေး အိမ်ရှေ့စံဘာပြောချင်သေးလဲ''
အိမ်ရှေ့စံ ငါ့ပြောတာလား။အော် အေး ဟုတ်သားငါကအိမ်ရှေ့စံကျန်းဟောက်ဘဲ။စာရေးဆရာစုတ်ဝူရှီဂျွန်း ဘယ်နဲ့စုဝေးခန်းမထဲငါ့ကိုတိုက်ရိုက်ပို့လိုက်ရတာတုန်း။တလွဲတွေဖြစ်တော့မှာဘဲ။
''ဒါက သားတော်ကိုယ်တိုင်စီစဥ်ထားတာမို့ဘာမှပြောစရာမရှိတော့ပါဘူး'
အမယ် ကျန်းဟောက်ရဲ့သရုပ်ဆောင်စွမ်းရည်ကကောင်းတယ်ထင်ပါရဲ့ သူဘေးကခုံအလွတ်မှာထိုင်နေတဲ့ချင်းမင်ကပါပြူးကြည့်လာသည်။ဟက် ကျန်းဟောက်ပါ တစ်ဟောက်ဘဲရှိတယ်။နှစ်ဟောက်ဆိုရင်ငါ့ဟောက်သံဘဲ။
''အဲ့တာဆိုညီလာခံသိမ်းမယ်''
မှူးမတ်တွေရဲ့ဝေးလားဝါးလားအော်သံတွေကြောင့်ကျန်းဟောက်မှာမနည်းရုပ်ကိုတည်ထားရတော့သည်။အဲ့လိုပေါတောတောအမတ်တွေကိုစာထဲမှာဖတ်ဖူးတာလေ။အခုလိုလက်တွေ့သိလိုက်ရတော့ရယ်ချင်တာပေါ့လို့။ပြုံးစိစိဖြစ်နေတဲ့ကျန်းဟောက်တစ်ယောက် ဘေးကချင်းမင်ကိုလှည့်လိုက်တော့အူလိုက်သဲလိုက်ကိုရယ်နေတာနဲ့တိုးသည်။အေးလေ ရယ်မှာပေါ့ ။သူကနန်းတွင်းဝတ်စုံကြီးနဲ့ဆံပင်တွေကလည်းရှည်နေတာကိုခေါင်းပေါ်မှာထုံးထားရသေးတယ်လေ။ချင်းမင်လို့21ရာစုရဲ့ပေါ့ပေါ့ပါးပါးအဝတ်တွေနဲ့မှမဟုတ်တာ။
''မရယ်နဲ့!''
''ဟွန်း ရယ်မှာဘဲ ''
''ခွေးကောင်''
''အရူးကောင်!''
''အိုး အိမ်ရှေ့စံရှိနေသေးတာကို''
''အာ မယ်တော်''
အိုး တစ်ဇာတ်လမ်းလုံးရဲ့ဗီလိန်အကြီးစားဖြစ်တဲ့ကျန်းဟောက်ရဲ့မိထွေးမယ်တော်ကြီးကပေါ်လာခဲ့ပြီကို။သူ့ရဲ့ညီတော်ဖြစ်တဲ့ကျန်းဝမ်ကိုနန်းတင်ချင်ပေမဲ့ကျန်းဟောက်ကသာအမြဲနေရာရနေတာမို့မနာလိုဖြစ်နေသူ။ကျန်းဟောက်ကိုအမြဲပြသာနာလိုက်ရှာတတ်ပေမဲ့ကျန်းဟောက်ကအမြဲခွင့်လွှတ်ပေးခဲ့သည်။နောက်ဆုံးတစ်ခေါက်ယင်းဟွာကိုအဆိပ်ချိန်မှာတော့ကျန်းဟောက်ကလက်မခံနိုင်တော့ဘဲသူကိုယ်တိုင်သတ်ပစ်လိုက်သည်။အခုရောက်နေတဲ့နေရာလောက်ဆိုထိမ်းမြားပွဲတောင်မလုပ်ရသေးဘူးထင်ပါရဲ့။
YOU ARE READING
✨ECLIPSE✨
Fanfictionᴇᴄʟɪᴘsᴇ...???'? ?? ?? ?????????? ???? ?ℎ? ??? ????? ?ℎ? ???? ??? ? ℎ?? ??? ?ℎ? ????? ????? ?? "ᴇᴄʟɪᴘsᴇ".