EXIST

5.3K 663 48
                                    

"ကဲ ရုံးဆင်းချိန်​ရောက်​နေပြီ​နော်။ လက်စသပ်စရာရှိတာသပ်။ ပါတီရှိတဲ့​နေ့မှာ အချိန်ပိုဆင်းတဲ့လူက ကုမ္ပဏီကို မ​လေးစားတဲ့လူပဲ"

"Nae..."

​ပျော်ရွှင်စွာ ပြိုင်တူဟစ်လိုက်ကြသံက ဟိန်းကနဲ။

"ချန်း​ယောလ်​လေး Noona တို့နဲ့တစ်ခါတည်းလိုက်မလား"

Drawing Tablet ​ပေါ်က ကာရိုက်တာ​ပေါ် ​ထောက်ထားတဲ့ Pen ကိုချပြီး ချန်း​ယောလ် ​ခေါင်းခါဖို့ပြင်ခါနီး...

"ပတ်ချန်း..."

​​လျှောက်လမ်းက​ခြေသံနဲ့အတူ ဝင်လာတဲ့​ခေါ်သံက ချန်း​ယောလ်မျက်ခုံးတန်း​တွေကို တွန့်ချိုးသွား​စေ​တော့၏။ ဌာနက စီနီယာ​တွေရဲ့မျက်နှာမှာလည်း ပြုံးစစနဲ့ ချန်း​ယောလ်နဲ့ ​လျှောက်လမ်းကလူအ​ပေါ်​ရောက်လာသည့်အကြည့်​တွေ။

"ဒါရိုက်တာ​​ဗြောင် ​ရောက်လာပြီလားရှင့်"

"အင်း ရုံးဆင်းကြ​တော့မှာမလား"

"ဟုတ်ကဲ့ အခုပဲဆင်း​ပြီး ပါတီအတွက် သွား​တော့မလို့ ချန်း​ယောလ်ကို ​​စောင့်​နေတာ"

"ရတယ်။ သွားနှင့်ကြ။ ပတ်ချန်းက ကိုယ်နဲ့အတူတူသွားမှာ"

Drawing tablet ကိုကိုင်ထားမိတဲ့ ချန်း​ယောလ်လက်​တွေတင်းကြပ်ကုန်ရသည်။ အလိုက်တသိ ရုံးဆင်း​ပေးသွားတဲ့ စီနီယာ​တွေ​ကြောင့် အခု​တော့ အခန်းထဲမှာ ချန်း​ယောလ်နဲ့သူ နှစ်​ယောက်ထဲ။ ဒါကိုပဲအခွင့်​ကောင်းယူပြီး ချန်း​ယောလ်အလုပ်စားပွဲ​ပေါ် ပြုံးစစမျက်နှာ​ပေးဖြင့် ဝင်ထိုင်​လေသည်။

"သွားကြမယ်​လေ ကိုယ်တို့လည်း"

"ဘယ်သူက ခင်ဗျားနဲ့ သွားမယ်​ပြောလို့လဲ"

"ပတ်ချန်းက ဆိုးချင်ပြန်ပြီ"

​မေး​စေ့ကိုလာဖျစ်ညှစ်ရင်း ယမ်းခါလာတဲ့လက်ကို ချန်း​ယောလ်ပုတ်ထုတ်လိုက်မိသည်။ ချန်း​​ယောလ်မှာသာ စိတ်ဆိုးရလွန်းလို့ မျက်နှာကို ဘယ်လိုမှ​ပြေ​လျော့မထားနိုင်တာ။ သူက​တော့ ချန်း​ယောလ် အကြမ်းအရမ်း​တွေငြင်းဆန်ရင်​တောင် မတုန်မလှုပ်ပြုံး​နေနိုင်တုန်း။ အဲ့လို​တွေပြုံး​နေနိုင်​လောက်​အောင်ထိ တစ်ဖက်သားကိုဂရုစိုက်စရာမလိုတဲ့ ကြွယ်ဝချမ်းသာမှု​တွေနဲ့ပြည့်စုံ​နေသူကိုး။

EXISTWhere stories live. Discover now