fic ပါဒါမဲ့ကိုယ်ရေးတာက idol image ထိခိုက်တယ်ခံစားရပြီးမကြိုက်သည်ရှိသော် လာပြောနိုင်ပါသည်
18++
'အားးး''
''အဆင်ပြေလားဟင်''
''ဟင့်အင်းမပြေဘူးနာတယ်''
''လက်ပေးငါ့ကို''
5နှစ်အရွယ်ကောင်မလေးသူ့ကိုလက်လှမ်းလာပေးတဲ့ကောင်လေးရဲ့မျက်နှာကိုမမြင်ရပါသူနာတာကိုလာကူညီပေးတဲ့တစ်ယောက်ရဲ့အနောက်က နေရောင်နဲ့မို့ မျက်နှာက မှောင်လေရဲ့ ကောင်မလေး မမြင်ရတဲ့ထိုကောင်လေးကို ပြုံးပြလိုက်ပြီး လက်ပေးလိုက်သည် သူမတ်တပ်ရပ်လိုက်သည်နှင့်ကောင်လေးမျက်နှာကိုမြင်တော့ ထငိုလိုက်မိသည်
''မေမေ့ ဟင့် အားးး မကပ်နဲ့ ရုပ်ဆိုးကြီး လူဆိုးကောင်''
''ဟယ် သမီးလေးဘာဖြစ်လို့လဲ နင် နင်ငါ့သမီးကိုငိုအောင်လုပ်တာလား ရုပ်လဲမလှသလိုစိတ်ဓာတ်ကလဲမလှဘူးပဲ လာ သမီးသူနဲ့စကားဖက်ပြောမနေနဲ့ တိတ်တိတ်''
အဒေါ်ကြီးကသူ့သမီးကိုချီကာ ထိုကောင်လေးနဲ့ဝေးရာကိုထွက်သွားသည် ထိုသို့အပြောခံလိုက်ရတဲ့ကောင်လေးရဲ့မျက်နှာပေါ်က မျက်ရည်တွေက သူမွေးကထဲ ငိုလာရပေမဲ့ဘယ်သူမှအဖက်မလုပ်ကြပေ
လမ်းတစ်လျှောက်လုံးhoodieခေါင်းစွပ်ကိုစွပ်လိုက်ပြီးသူများတွေသူ့မျက်နှာမမြင်အောင်mask တက်ကာအိမ်ပြန်လာလိုက်သည် အိမ်ရောက်တော့ကြားလိုက်ရတဲ့ မိဘတွေရဲ့ရန်ဖြစ်သံ
''မင်းမျက်နှာမပြုပြင်ထားတာအမှန်ရောဟုတ်ရဲ့လား မဟုတ်မှ တခြားသူနဲ့ရလာတဲ့ကလေးကိုငါ့ကလေးဆိုပြီးလုပ်ယူပစ်တာလားပြောစမ်း''
''မဟုတ်ပါဘူးကိုကိုရယ်''
ခွမ်းး
ေယာကျာ်းဖြစ်သူက သူ့လက်ထဲကအရက်ခွက်ကို ခွဲချပလိုက်သည်
''တော်စမ်း ငါ့ကိုအမှန်တိုင်းပြောစမ်း ထင်ပါတယ်အဲ့ကလေးရုပ်က ငါတို့နှစ်ယောက်စလုံးရဲ့မျက်နှာအနေအထားနဲ့လုံးဝမတူတာ သတိထားမိတာကြာပေါ့ DNA စစ်မှအကြောင်းအရာအမှန်ကပေါ်တော့တယ် ငါ့အိမ်က မင်းတို့ဆင်းစမ်း ဒီအိမ်အရိပ်တောင်လာမနင်းကြနဲ့''