P-22

2.3K 139 4
                                    

တစ်ညလုံး
ဂျောင်ဂုကိုဖက်ထားကာ

သတိရလာပါတော့ဆို
ပြီးသား
အော်ငိုနေသည်

မနက်လေးနာရီရှိပြီ
ဂျောင်ဂုမှသတိမရသေး

လူကအရူးတစ်ပိုင်းး

မတည့်ဘူးပဲထားပါတော့
အတူတူနေလာတဲ့သံယောဇဉ်ကရှိတယ်လေ

ဒီချိန်ဆိုပို၍ပင်အေးသေးသည်

"ဂျောင်ဂု ဘာလို့ခုချိန်ထိ
သတိမရသေးတာလဲ.....ဟင့်....ဟျောင်းကို
မနောက်ပါနဲ့ကွာ.."

နှစ်နာရီလောက်က
ဆေးကြိတ်ပြီးတိုက်ထားတာမို့
ကိုယ်ပူလေးတော့နည်းနည်းကျသည်

သို့ပေမဲ့လူကတော့
ခုချိန်ထိသတိမရ

အ‌အေးမိပြီး
ထပ်မဖျားအောင်ဂျီမင်းမှ
ဂျောင်ဂုအားတင်းကျပ်နေအောင်
ဖက်ထားပေးသည်

ငါးနာရီလောက်
လူကနည်းနည်းငိုက်လာပြီမို့

အိပ်မပျော်အောင်
ထိန်းထားပေမဲ့လည်း
တစ်ညလုံးမအိပ်ထားတဲ့အရှိန်နဲ့
ဂျောင်ဂုကီးလေးကိုဖက်လျက်သား
အိပ်ပျော်သွားပါတော့သည်

မနက်ခြောက်နာရီ
ခုနှစ်နာရီ
ရှစ်နာရီလောက်မှာတော့
ဂျောင်ဂုမှသတိရလာပါတော့သည်

သတိရရခြင်းလူက
တစ်ကိုယ်လုံးလဲလေးလံနေပြီး
လှုပ်လို့မရတဲ့ထိ
မျက်လုံးသာအသာလေးဖွင့်နိုင်ပြီး
အသက်ရှူတွေလည်းမြန်နေကာ

ထိုအချိန်
သတိထားမိလိုက်တာက
တစ်စုံတစ်ယောက်ရင်
ခွင်ထဲရောက်နေတာပဲ

ထိုလူအားကြည့်လိုက်တော့
မျက်နှာလေးတွေနီရဲနေတာကြောင့်
ငိုထားတာလားဟုတွေးလိုက်မိသည်

မလှုပ်နိုင်တ‌ဲ့အခြေအနေမို့
ပါးစပ်ကနေပဲ
ဂျီမင်းလေးအားခေါ်ကာ

"ဟျောင်း..."

အသံမှာတိုးတိုးလေးသာ

"ဟျောင်း..."

ထိုအခါဂျောင်ဂုကလက်လေး
ကြွနိုင်သလောက်ကြွပြီး
ဂျီမင်းပခုံးလေးအားထိကာ
နိုးလိုက်တော့

"ဂျီမင်းဟျောင်းး"

ဂျီမင်းမှလှုပ်သွားပြီးး
မျက်လုံးပွင့်လာသည်

စွာလွန်းတဲ့ခင်ဗျားကိုကျုပ်ကပြုပြင်ပေးမှာWhere stories live. Discover now