Part 11

581 41 0
                                    

ကျနော်လည်း အ​​ေပါ်ကို လိုက်တက်သွားကာ gemကို သွားမေးဖို့ ဆုံးဖြတ်လိုက်တယ်။ကျနော် အခန်းထဲကို ဝင်လိုက်တော့ သူက ကုတင်ခြေရင်းမှာ အရုပ်ကြိုးပျတ်သလို ထိုင်နေခဲ့တယ်။သူက ကျနော့်ကို တွေ့တာနဲ့ ပြေးပြီးလာဖက်တော့တယ်။ပြီးတော့သူက သူ့ကို မထားခဲ့ဖို့နဲ့ သူနဲ့ တူတူရှိနေပေးဖို့ကို ငိုယိုကာတောင်းဆိုနေခဲ့တယ်။ကျနော်လည်း သူ့ရဲ့ မျက်ရည်တေကို သုတ်ပေးပြီး ငါ မင်းနားမှာဘဲ တသက်လုံးနေမှာ gem ။အဲ့လိုပြောတာသူက ကျနော့်ကို ပြုံးပြခဲ့တယ်။ကျနော်သိချင်တာတေကို အစကမေးမလို့လုပ်ပေမဲ့ သူ့ရဲ့ အခုပုံစံကြောင့် နောက်နေ့မှဘဲမေးဖို့ဆုံးဖြတ်လိုက်တယ်။

(ကျောမယ်ခွမယ် နောက်နေ့သို့🤗🤗)

ဒီနေ့ gemက သူ့အလုပ်ကိစ္စနဲ့ခရီးရှည်သွားဖို့လိုတယ်ဆိုပြီး မနက်ဖြန်အတွက်ပြင်ဆင်နေရဲ့။ကျနော်တော့ သူ့ကိုလွမ်းနေတော့မယ် ထင်ပါရဲ့။ဘယ်နရက်ကြာမလဲတော့ ကျနော်လည်း မသိ။သူက ကျနော့်ကို အများရီး မှာနေတယ်။အထူးသဖြင့်သူ့အဖေတူအမေကွဲအကို ဖြစ်တဲ့p'rainကို ရှောင်ဖို့၊တွေ့ရင် စကားမပြောဖို့၊အဖတ်မလုပ်ဖို့ ထပ်ခါထပ်ခါမှာနေတယ်။ကျနော်မသိဘူး သူတို့ကြားမှာ ဘာတေဖြစ်ခဲ့တာလဲ။အဲ့နေ့ gemနဲ့ p'rainတို့ ရန်ဖြစ်ပြီးနောက်နေ့ ကစပြီး p'rainက ကျနော့်ဆီ ချောင်းပေါက်မတတ်နေ့တိုင်းနီးပါးလာနေလေ့ရှိတယ်။gemကလည်း ကျနော့်ကို p'rainလာတိုင်း အိမ်အပေါ်ထပ်ကနေ မဆင်းခိုင်းဘူး။ကျနော့်ကိုလည်း gemက အတွေ့လည်း မခံဘူး။

ကျနော် အနည်းငယ်တော့ သိချင်မိတယ်။ဘာတေဖြစ်ခဲ့လို့ ရန်သူတေလို gemနဲ့p'rainက ​တယောက်ကိုတယောက် ပြိုင်နေကြမှန်း ကျနော် နားမလည်နိုင်။နောက်ဆုံးတော့ ကျနော် မနေနိုင်တော့ဘူး။ကျနော် တယောက်ထဲ ဘာမှ မသိဘဲ ကြားခံလေးဖြစ်နေတာ။သည်းမခံနိုင်တော့ဘူး။အဲ့တာကြောင့်gemခရီး မသွားခင် အဲ့ကိစ္စနဲ့ ပတ်သတ်ပြီး မေးဖို့ဆုံးဖြတ်လိုက်တယ်။

fot-''gem...gem..ငါ မင်းကိုမေးစရာရှိလို့ အဲ့တာလေ ငါ့ကိုမှန်မှန်ဖြေနော်။''

gem-''ommမေးလေ..ကိုယ်အကုန်ဖြေပေးမယ်။''

fot-''ဘာလို့ p'rainနဲ့ ရန်သူတေလို့ပြောတာလဲဟင်။''

gem-''ကလေးက ဘာလို့သိချင်တာလဲ''

fot-''ငါလည်း သိထားသင့်တယ်ထင်လို့လေ မင်းက ငါ့ကို ချစ်တယ်လို့ပြောထားတော့ ငါလည်း သက်ဆိုင်တယ်လေ။မဟုလို့လား''

gem-''ကလေးသိချင်တယ်ဆိုရင် ကိုယ်ပြောပြပေးမယ်။''

fot-''omm''

ကျနော် သူပြောတာကို ငြိမ်ငြိမ်လေးနေကာနားထောင်နေမိတယ်။သူကြည့်ရတာ ဝမ်းနည်းနေတယ်လို့ ကျနော်ထင်တယ်။ကျနော်သူ့ကို မေးလိုက်တာမှားပြီလားမသိတော့ဘူး။gemက ကျနော့်ကို ကြည့်ပြီးအကုန်ပြောပြတယ်။

အရင် သူအသက် 5နှစ်မှာ သူ့မေမေက ကားအက်စီးဒန့်ဖြစ်ကာ ဆုံးပါးသွားခဲ့တယ်တဲ့။သူ့မေမေက ပတ်ဝန်းကျင်မှာ အမြဲတမ်း အကဲ့ရဲ့ခံရတယ်တဲ့။ဘာလို့လဲဆိုတော့ gemရဲ့မေမေက မယားငယ် ဖြစ်နေလို့တဲ့။တကယ်တော့ gemရဲ့ဖေဖေက gemရဲ့ မေမေကို အရမ်းချစ်တာ။အဲ့တာကို သိတဲ့p'rainရဲ့မေမေက gemရဲ့ဖေဖေကို ဆေးခတ်ပြီး အပိုင်ယူခဲ့တယ်။အဲ့အချိန် gemရဲ့မေမေမှာလည်း gemကို ကိုယ်ဝန်စရခဲ့တဲ့ အချိန်ဖြစ်နေခဲ့တယ်။gemကိုကိုယ်ဝန်ဆောင်ထားရတဲ့အကြောင်းကို gemရဲ့ဖေဖေက သိတဲ့အချိန်ဟာ အချိန်နှောင်းသွားခဲ့ပြီ။gemရဲ့ဖေဖေက p'rainရဲ့မေမေကို လက်ထပ်ပြီးခဲ့ပြီလေ။အဲ့နောက် gemရဲ့ဖေဖေကgemရဲ့မေမေကိုလက်ထပ်ခဲ့ပြန်တယ်။အဲ့ကိစ္စကို မကျေနပ်တဲ့လူကတော့ အခြားသူမဟုတ်။p'rainရဲ့မေမေပင်။အဲ့တာကြောင့် p'rainမေမေက gemရဲ့ မေမေကို လုပ်ကြံခဲ့တယ်။gemကသူ့မေမေမရှိတဲ့နောက်ပိုင်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်လာနိုင်ခဲ့တယ်။အဲ့နောက် gemရဲ့ဖေဖေဆုံးခါနီးမှာ gemကို Golden Dragonရဲ့ ခေါင်းဆောင်အဖြစ် တာဝန်လွှဲပေးခဲ့တယ်။အဲ့တာကို မကျေနပ်တဲ့ p'rain က Black Dragonဂိုဏ်းကို တည်ထောင်ခဲ့ပြီး gemကို ယှဉ်ပြိုင်လာခဲ့တာဖြစ်တယ်။ဒါပေမဲ့ gemရဲ့ ဉီးဆောင်နိုင်မှုက တကယ်ကို လေးစားစရာပင်။အလုပ်လုပ်တာလည်း တိကျပြီး အချိန်ကို အလေးထားတဲ့သူဖြစ်တဲ့အတွက် p'rainက အချိန်တိုင်း gemကို ဘယ်လိုမှ မယှုဉ်နိုင်ခဲ့ဘူး ။အဲ့အချိန်တေက စပြီး သူတို့နယောက်က ရန်သူတေဖြစ်လာခဲ့တာတဲ့။ကျနော် သူတို့ကြောင့်းသိရပြီးနောက် ဝမ်းနဲမိတယ်။

upပေးထားပြီနော်။ပြီးတော့မှာပါ။ကျန်းမာရေးဂရုစိုက်ကြပါ။ထုခွန်တို့ယေ




Never Let you goWhere stories live. Discover now