EP 1
"သားရေ အမြန်လုပ်တော့ကျောင်းနောက်ကျတော့မယ်" ဟူ၍ ဒေါ်ချိုချိုလဲ့သည် ရှိုင်းမင်းထက်ကို ဧည့်ခန်းထဲကအော်လိုက်သည်။ "လာပြီအမေ သားပြီးခါနီးပြီ"လို့အော်၍အိမ်ပေါ်ကရှိုင်းမင်းထက် ပြေးဆင်းလာရင်းပြောလိုက်သည်။ "သားရယ်ဂရုစိုက်ဆင်းပါခြေခေါက်ပစ်လဲလိမ့်မယ်ကွဲ့" "ရပါတယ်မေမေ၊ သားသွားပြီ" ရှိုင်းမင်းထက်လျင်မြန်စွာဖြင့်ထမင်းချိုင့်ဆွဲကာ ကားပေါ်သို့အမြန်တက်ပြီးအမေ့ကိုလက်ပြနှုက်ဆက်ကာ အိမ်မှအမြန်ထွက်ခွာခဲ့လိုက်သည်။
ရပြီဦးလေး ကျောင်းရှေ့ထိပဲလိုက်ပို့တော့ကျနော်ကွကိုယ်သွားတော့မယ်။ "အေအေသားဂရုစိုက်အရမ်းမပြေးနဲ့" ဒါရိုက်ဘာဦးလေးကြီးရှိုင်းမင်းထက်ကိုသတိပေးလိုက်သည်။
ကျောင်းရောက်သော်အခါ ဆရာမကစာစသင်နေပင်ဖြစ်သည်။"ရှိုင်းမင်းထက်!" ဟူ၍ဆရာမ၏ခပ်ဆူးဆူးအော်သံကိုကြားရ၏။ "ဘာလို့ကျောင်းနောက်ကျနေတာလဲ" "တောင်းပန်ပါတယ်ဆရာမ သားမနေ့ညကနောက်ကျမှအိပ်ရာဝင်မိလို့မနက်ထတာနောက်ကျသွားတာ" "အေ နောက်နေ့စောစောလာငါကျောင်းခန်းထဲရောက်လို့မှနင့်ကိုအရင်မတွေ့ရင်သေဖို့သာပြင်!" "ဟုတ်ကဲ့ဆရာမ"
"သွားထိုင်တော့" "ဟုတ်" ပြတင်းပေါက်ရဲ့ဘေးမှာ သူငယ်ချင်းပိုင်သော်ဝေ သည်ကျနော့်အားလက်ပြခေါ်နေသည်။ " လာလာဒီမှာလာထိုင်" "အေလာပြီသားကြီး" "ပြောစမ်းပါအုံးမင်းမနေ့ညကဘာတွေလုပ်နေလို့ကျောင်းနောက်ကျနေတာလဲ" "အော်ငါလာ Anime doll order လုတင်နေလို့ညက" ဟေးဟုတ်လာဘာရုပ်တုန်း gojo" "ဟမိုက်တာပေါ့ငါလဲပြအုံးရရင်" "အေပါကွာ"။"ကဲကလေးတို့ဒါကူးကြ "လို့ဆရာမသည်ကျောက်သင်ပုန်းက စာပိုဒ်ရှည်ကြီးကိုထောက်ပြလိုက်သည်။ "၁၅မိနစ်နဲ့ကူးကြ" "ဟာဟျောင့်ရေ ငါတော့လက်ပြုတ်ပါပီ" ဟူ၍ ရှိုင်းထက်မင်းတိုးတိုးလေးငြီးလိုက်သည်။
"ကူးမှာသာကူးစမ်းပါငါ့ကောင်ရဟိုမှာ ၅မိနစ်ထိုးတော့မယ်" "ဟာငါ့လခွမ်း မြန်တာနာရီကလည်း" လို့ပြောပြီးစာကိုသည်းကြီးမဲကြီး ရှိုင်းထက်မင်းစကူးတော့သည်။၁၀နာရီ၁၅မိနစ်ထိုးနေပြီဖြစ်သော်လည်း သင်္ချာဆရာမသည်အတန်းမဆင်းပေး "ဒီတစ်ပုဒ်ပြီးမှဆင်းကြကလေးတို့" "ရှိုင်းထက်မင်းရေ သင်င်္ချာတွက်လို့ပြီး တစ်တန်းလုံးရဲ့စာအုပ်တွေကောက်ပြီးဆရာမဆီယူလာပေးပါအုံး"လို့ဆရာမပြောပြီးအတန်းထဲကထွက်ခွာသွားသည်။ "ဟာကွာအချိန်မရှိတော့ပဲနေတော့မှာပဲ မြန်မြန်တွက်ရမယ် သားကြီးအဖြေရပြီလာ" "ဟာငါတောင်ဘယ်လိုတွက်ရမှန်းမသိပါဘူးဆိုနေငါ့အဖြေလာမေးနေ " "ငါ*ိုးမင်းကလဲ" "ဟျောင့်ဖြိုးသု မင်းအဖြေရလာ" "အေရတယ် ၄၅" "အေအေကျေးဇူးငါ့ကောင်" ရှိုင်းမင်းထက်သည်အဖြေရပြီးသည်တစ်ပြိုင်နက်အဖြေရေးချတော့သည်။
YOU ARE READING
မသိစိတ်ကအချစ်
FanfictionSeme တို့ကအရမ်းကိုချမ်းသာတဲ့မိသားစုဖြစ်ခဲ့ပင်မယ့်တစ်နေ့မှာ company ကစီးပွားရေးကြပ်လာပြီးအကြွေးတွေပိလာတဲ့အခါမှာ uke တို့ရဲ့ မိသားစုကအကြွေးတွေဆပ်ပေးပြီး Uke နဲ့လက်ထပ်ဖို့ဖြစ်လာပါတော့တယ် uke အတွက်ကတော့အရမ်းကိုပီတိဖြစ်နေခဲ့ပါတယ် ဘာလို့ဆို ukeက semeကိုအရ...