သူမ နားကြားများမှားခဲ့သလား
သိပ်မကြာလိုက်ပါထိုလူဆီက သြရှစွာ
ထွက်လာတဲ့စကားသံ အချို့"ကိုယ်တို့ ကစားကွင်းသွားကျမယ် သွားမယ်မလား ပျော်ဖို့ကောင်းမှာပါ ကိုယ်အာမခံတယ် ကိုယ့်ကိုယုံတယ်မလား"
"ဟုတ်"
*ထိုလူရူးများရူးနေတာလား
ဒီလို ညအချိန်ကြီးကို ကစားကွင်း တဲ့လား
ပြီးတော့ သူမကရော ထိုလူ ပြောတာကိုဘာလို မငြင်းလိုက်မိတာလဲ
သူမ သူစိမ်းတစ်ယောက်က သူ့ကိုယုံတယ်မလားလို့ မေးတာကို ဟုတ်လို့ ပြန်ဖြေလိုက်မိတာလား သူမရူးများသွားပီလား *ထို့ကဲ့သို့ အတွေးတွေ မေးခွန်းပေါင်းများစွာ သူမခေါင်းထဲမှာ ရောယှက်နေပင်မယ့် လက်တွေ့မှာတော့ ထိုလူခေါ်ဆောင်ရာနောက်ကို သူမလိုက်နေမိခဲ့တယ်
ရုတ်တရက် နက်မှောင်နေတဲ့ ကားရှေ့
အရောက်မှာ ထိုလူ ခြေလှမ်းတွေဟာ ရပ်တန့်သွားခဲ့တယ် နောက်တော့ ကားတံခါးကို ဖွင့်ကာ သူမဘက်ကိုလှည့်လာပီး"ဝင်လို့ရပါပီ သခင်မလေး ခင်ဗျာ"
သူမပြုံးလိုက်မိသည်.......
ထိုလူ စကားတော်တော်တတ်တဲ့ သူပါလားလို့ သူမတွေးလိုက်မိသည် လူတစ်ယောက်ကို စိတ်လှူပ်ရှားအောင် ထိုလူဟာ ပြောတတ်ပါသည် .........
ကားပေါ်ကိုရောက်တော့ ထိုလူက
သြရှရှအသံဖြင့်"အခုကိုယ်တို့သွားမဲ့နေရာကိုရောက်ရင်
မင်းအရမ်းကိုပျော်သွားမှာ သိလား""အင်း"
ထိုစကား 1လုံးထဲသာ သူမပြန်ပြောလိုက်မိတယ် ဘာလိုလဲဆိုတော့ ထိုလူကြောင့်ပါ
မျက်စိရှေ့မှာတင် ရှိနေတယ့်
ထိုလူရဲ့မျက်နှာ.....
အင်း....ချောလွန်းပါသည်
နတ်ဘုရားတစ်ပါးလိုပင် သိပ်ကို
ချောမောလွန်းလှပါသည်___________________________________
မှောင်နေသည့် လမ်းမထက်တွင် တရွေ့ရွေ့သွားနေသည့် အနက်ရောင်ကားလေး
ထိုကားလေးရဲ့အထဲမှာတော့
ကားမောင်းနှင်သူရယ် မောင်းနှင်သူရဲ့အနောက်ဘက်မှာတော့ all black ဝတ်ထားတဲ့လူသားတစ်ယောက်နဲ့
သူရဲ့ဘေးမှာ အဖြူရောင်ဝတ်ထားတဲ့ ကောင်မလေးတစ်ယောက်တို့ရှိနေခဲ့တယ်