ဇာတ်လမ်းလေးရဲ့အစကနေကြာတွေနဲ့
🌻
"အစ်ကို..အစ်ကို"
"ဟင်..?"
New Yorkမြို့ရဲ့ကားလမ်းမပေါ်
မီးပွိုင့်ကိုဖြတ်ကူးရန်ပြင်နေတဲ့
အစ်ကို့လက်ကလေးတစ်ဖက်ကို
ကျွန်တော်မရဲတရဲလေးဆွဲကိုင်လိုက်တော့
ထိတ်လန့်သွားတဲ့မျက်နှာလေးက
နေကြာပန်းတွေကိုယောင်ရမ်းကာ
ဆွဲဖျစ်လိုက်မိတဲ့အထိသိပ်လှခဲ့တယ်"ဒါလေးပေးချင်လို့"
"နေကြာတွေ?"
ကျွန်တော့လက်ထဲကနေကြာတွေကိုမြင်သည်နှင့်အစ်ကို့မျက်လုံးလေးတွေ
အရောင်လတ်သွားတာ
ကျွန်တော်သေချာမြင်လိုက်ရတယ်
အစ်ကိုကနေကြာတွေသဘောကျတယ်
ထင်ပါတယ်"ဟုတ် နေကြာပန်းရဲ့အဓိပ္ပာယ်က
စောင့်ဆိုင်းရခြင်းနဲ့ချစ်မြတ်နိုးခြင်းတဲ့
ကျွန်တော်..အစ်ကို့ကိုသဘောကျတယ်"ရုတ်တရပ်ဆန်တဲ့ကျွန်တော့ရဲ့
ဖွင့်ဟ၀န်ခံမှုမှာအစ်ကိုကအံ့ဩေသွားပုံပဲ
မျက်လုံးလေးဝိုင်းကာမော့ကြည့်လာတာ
ကလေးလေးလိုပဲ"ဘယ်လို.."
"နေ့တိုင်းဒီနေရာလေးကစောင့်ပြီး
နေကြာတွေပေးမယ်နော်
အစ်ကိုကျွန်တော့ကိုပြန်ချစ်လာမယ်လို့
ကျွန်တော်ယုံတယ် ချစ်တယ်အစ်ကို"ရှက်တဲ့စိတ်ရယ်
ကြောက်တဲ့စိတ်ရယ်ရောကာ
ဖွင့်ဟ၀န်ခံမှုကိုမြန်မြန်လေးအပြီးသက်ပြီး
အစ်ကို့လက်လေးတစ်ဖက်ကို
ဆွဲယူကာနေကြာတွေထိုးထည့်ပေးပြီး
တစ်ဖက်ကားလမ်းမကို
ကျွန်တော်ဖြတ်ကူးလာခဲ့တယ်