အစ်ကိုရဲ့နေကြာ 🌻 (အချပ်ပို)

414 66 2
                                    

🌻

"အစ်ကိုက..ဗျာ
ကလေးလဲမဟုတ်ပဲကို"

"မထိနဲ့ဖယ်"

လက်ထပ်ခါနီးထိ
NYရဲ့လမ်းမပေါ်ဖြတ်သန်းသွားလာနေသော
သက်ရှိနေကြာလေးကို
ကားတွေကြားထဲလိုက်ဖမ်းဆွဲနေရတဲ့
ကျွန်တော့အဖြစ်ကကလေးအဖေကြီးလိုပဲ

၅နှစ်..၅နှစ်တိတိပြည့်တဲ့အချိန်မှာ
ကျွန်တော်တို့လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်
အချိန်တွေကြာလာလဲ
မရိုးအီသွားတဲ့နေကြာလေးက
NYရဲ့လမ်းပေါ်ခြေဆောင့်‌စိတ်ကောက်တုန်း

"ကျွန်တော့လက်ကို
သူမထိလိုက်ပါဘူးအစ်ကိုရယ်
ကားတွေနဲ့ဗျာ တိုက်မိကုန်မှဖြင့်"

"အသေအချာကိုကိုင်တာငါမြင်တယ်
ငါတို့ဆိုင်ထဲ၀င်ထဲက
မင်းကိုစိုက်ကြည့်နေတာ
မင်းမသိပေမယ့်ငါသိတယ်ဂျွန်"

အကြောင်းအရင်းက
လက်ထပ်လက်စွပ်သွားဝယ်တာကစတာပဲ
ဆိုင်ကအမျိုးသမီး၀န်ထမ်းက
လက်စွပ်တိုင်းကြည့်ဖို့အတွက်
ကျွန်တော့လက်ကိုကိုင်တဲ့အချိန်ကစတာ

လူကူးမျဉ်းကျားပေါ်
ပြေးလိုက်ရတဲ့ဒုက္ခကလဲမသေးပါ
နှုတ်ခမ်းကိုစူထော်ပြီး
လွယ်အိတ်ကိုင်းကိုဆုပ်ကိုင်ကာ
အရှေ့ကနေခြေဆောင့်ထွက်သွားသော
ကျွန်တော့နေကြာလေးက
ကျွန်တော့အသက်ပဲချစ်လိုက်ရတာဗျာ
သ၀န်တိုခြင်းပညာမှာလဲအထူးကျွမ်းကျင်ပဲ

"အစ်ကိုရေ...ဟုတ်ပြီအစ်ကိုအဲ့ဆိုင်မှာ
မ၀ယ်ချင်တော့ဘူးမလား
တခြားဆိုင်သွားမယ် အဲ့ဆိုင်ဘက်ကို
လေတောင်လှည့်မရှုတော့ဘူး"

"မသွားဘူး.."

"အစ်ကို့....
ကျွန်တော့ကိုလက်မထပ်တော့ဘူးလား"

တိကနည်းရပ်သွားတဲ့ခြေလှမ်းလေးတွေ
ဖိနပ်ဝါဝါလေးကိုစီးပြီး
တီရှပ်အဝါတောက်တောက်လေးနဲ့
အဖြူရောင်ဂျင်းဘောင်းဘီလေးနဲ့အစ်ကိုက
ကျွန်တော်မကြာခင်လက်ထပ်ရတော့မယ့်
ကလေးမကျလူကြီးမကျလေး

"လက်ထပ်မှာ
ဒါပေမယ့်အဲ့လက်ကိုထိတာ
လုံး၀ကျေနပ်မနေဘူး"

အစ်ကို့ရဲ့နေကြာ 🌻Where stories live. Discover now