Part-9🌼🌼

97 4 2
                                    

Unicode

( အတိတ်၏ အမည်ဖော်မရသော အရာများဆီသို့ အလည်တစ်ခေါက် )

စိတ်အာရုံ ရှေ့ပေါ်နေတဲ့ ဖြူလွှလွှပုံရိပ်လေးက ရှမ်းအင်္ကျီ အနက်ကလေးနှင့်ပင်ဖြူစင်ခြင်းအတိကိုဆောင်ယူပြီး အသားဖြူနုနုလေးကထိလိုက်တာနဲ့ လွှင့်စင်သွားတော့မယ် မြူမှုန်လေးသဖွယ်.....ခေါင်းလုံးလုံးလေးနှင့်လိုက်ဖက်စွာ ဝဲကျနေသော ဆံပင် လုံးလံူးလေးကလဲ ချစ်စရာအတိ .... ချုံကြည့်လိုက်လျှင် ထိုကောင်လေးသည်အတော်ကိုချောသည့်ကောင်ငယ်လေးဖြစ်သော်လဲ ထိုကောင်လေး၏ မျက်လုံးမှိုင်းမှိုင်းလေးတွေက အားနည်းဖျော့တော့လွန်းလှသည်..........

ဘာတွေကဘယ်လိုသက်ရောက်မှုကိုဖြစ်သွားစေလဲမသိ ဘယ်လိုဆန်းကြယ်မှုတွေဖြစ်လာလာ သူ့တာဝန်က သူချစ်ရတဲ့ကလေးငယ်လေးကိုကာကွယ်စောင့်ရှောင့်ဖို့သာ....

"ကိုကြီး ကျွန်တော့်ကိုမှတ်မိလား?"

အဖြူရောင်ပုံရိပ်လေးထံမှ တိုးညင်းတဲ့ အသံယဲ့ယဲ့ လေးထံမှ သူ့ကိုသမုတ်တဲ့နာမ်စား က "ကိုကြီး" တဲ့.............

"ကိုကြီး ကျွန်တော့်ကိုမမှတ်မိဘူးလား?"

" မင်းကို ကိုယ်မသိဘူးညီငယ်"

"ကိုကြီးက တစ်ကယ်မမှတ်မိတာပဲ"

".............."

"ကိုကြီးက ကျွန်တော့်ကိုမေ့ထားတာလား ကျွန်တော်တို့ကတိသစ္စာတွေခံယူထားတယ်လေ ကိုကြီး ......"

"စိတ်မရှိပါနဲ့ ညီငယ် ကိုယ် မင်းကိုတစ်ကဟ်မသိရိုး အမှန်ပါ...."

အက်ကွဲနေတဲ့စကားသံထဲ ဝမ်းနည်းခြင်းလားနာကျင်ခြင်းလားမသိတဲ့ မရေရာတဲ့ စိတ်ခံစားမှုတို့ကအနားကွတ်လျှက်.....

"ညီငယ်....မင်းဘယ်သူလဲ ကိုယ်မသိပေမယ့် ကို့ကလေးကို ဒုက္ခမပေးပါနဲ့"

"ဟက်~~"

နားမလည်ပါ...ရှေ့မှ ကိုယ်ပြောတဲ့ စကားသံ အဆုံးကိုလေးနက်စွာ လိုက်နားမထောင်ပဲ...ကိုယ့်ကို ပြန်လှောင် နေတဲ့ ထိုလူသား၏ အဓိပ္ပာယ်ကိုနားမလည်ပါ.....

Like a "Daisy"🌼🌼Where stories live. Discover now