Give me your heart

2.4K 187 9
                                    

Ring....Ring.....Ring

Alarm သံကြောင့် သူမ အိပ်ယာမှ ကုန်းရုန်းထလိုက်သည်။

သွားပြီ ဒီနေ့လည်း နောက်ကျပြန်ပြီ။

ညက အိပ်ရာဝင်နောက်ကျတာကိုး

အချိန်ပိုင်းအလုပ်က နောက်ကျသည့်အပြင် အိမ်စာတွေကိုပါ နှစ်ယောက်စာ လုပ်နေရသောကြောင့် သန်းခေါင်မှ အိပ်ရသည်။

သူမတတ်နိုင်သမျှ မြန်မြန်လုပ်နေရသည်။

ကြာနေလျှင် သူမ၏ တစ်ဦးတည်းသော သူငယ်ချင်းလေး ဟင့်အင်း တစ်ယောက်တည်းသော ချစ်ရသူလေးက စိတ်ကောက်နေမည် မဟုတ်လား။

ကျောင်းထိပ်ရောက်တော့ ထင်တဲ့အတိုင်းပင် နှုတ်ခမ်းတစ်တောင်လောက်ထော်ကာ ခြေဆောင့်နေသည်။

စိတ်ဆိုးနေသည့်ပုံလေးကပင် ချစ်ဖို့ကောင်းနေသည် မဟုတ်လား။

သူကတော့ နှစ်ယောက်မရှိတဲ့ ချစ်ရသူလေး TaeHyung။

သြော် မေ့နေလို့ မိတ်ဆက်ရဦးမယ်
သူမကတော့ Jeon JungKook ခေါ် kookie။

JungKook ။ ။ TaeHyung-ah

TaeHyung ။ ။ ဘာလဲ kookieမ

JungKook ။ ။ သြော် ငါ့သူငယ်ချင်းလေးက စိတ်ကောက်နေတာကိုး

TaeHyung ။ ။ ဘယ်ကောင်နဲ့ ချိန်းတွေ့နေလို့ နောက်ကျနေတာလဲ

JungKook ။ ။ ဘာကောင်မှ မရှိပါဘူးဟာ။ သူငယ်ချင်းတောင်မှ နင်တစ်ယောက်ပဲရှိတယ်

TaeHyung ။ ။ တော်စမ်းပါ အိမ်စာတွေပြီးပြီလား

JungKook ။ ။ ပြီးပြီပေါ့ဟ ရော့ စာအုပ်တွေ

TaeHyung ။ ။ ပေး ဟွန့်

ကလေးစိတ်ကောက် သကဲ့သို့ ကောက်ပြီးထွက်သွားသော သူ့ကိုကြည့်ပြီး ပြုံးမိသည်။

အဲ့ဒါလေးတွေကိုပဲ ချစ်နေရသည် မဟုတ်လား။

သူမ သူ့ဘေးကိုပြေးသွားပြီး ယှဉ်လျှောက်တော့

TaeHyung ။ ။ Yarr.. ငါ့နားမကပ်နဲ့

JungKook ။ ။ အာ့ဆို သွားပြီနော်

သူမရှေ့ကလျှောက်သွားတော့လည်း

TaeHyung ။ ။ Yarr... ရှေ့က ပိတ်မလျှောက်နဲ့

Give me your heartWhere stories live. Discover now