စိန်ပန်းတို့အားသက်သေတည်ရ်ျ
အပိုင်း (၁၃)"ဆရာမအတွက်"
"ဟယ် ကြာပန်းတွေပါလား၊လှလိုက်တာ အများကြီးပဲ၊ကျေးဇူးတင်ပါတယ်ရှင်"
"အဲတာ ပိုးငယ်ယူလာတာ ဆရာမ။ကိုယ်တိုင်သွားပေးဆိုတာကိုပြောမရတာနဲ့ယူလာပေးတာ"
ပိုးငယ်ဆီကဆိုသည့်စကားကြောင့် သွဲ့အံ့ဩရသလိုပျော်လည်းပျော်မိသည်။ရောက်ကာစက ဘယ်သူနဲ့မှစကားမပြော၊စာမလုပ်ဘူးဆိုသည့်ကလေးမလေးဟာ အခုတော့ တစ်တန်းလုံးနှင့်ခင်မင်နေခဲ့ပြီ။သွဲ့နှင့်လည်းအတန်အသင့်ရင်းနှီးနေခဲ့ပြီ။အရင်တည်းကစာတော်သည့်ကလေးဆိုတော့ အခုစာလည်းြပန်လိုက်နိုင်ခဲ့ပြီလေ။သွဲ့မှာတွေးမိတိုင်းေကျနပ်ရပါသည်။
"ပိုးငယ်ပေးတာဆိုတာနဲ့ သွဲ့တို့ ပီတိတွေဖြစ်နေပြီ"
"ဟီး ဆရာမကလည်း၊ကြာတွေလှတယ်နော်၊ဘယ်ကများခူးတာလဲမသိ"
"အဲတာ ထန်းတောဘက်ကနေမယ်၊ချောင်းရိုးရှိတယ်လေ အဲမှာ ကြာတွေ၊ဗေဒါတွေပွင့်တတ်တယ်၊သွဲ့မရောက်ဖူးသေးဘူးလား"
"ဟင့်အင်း မရောက်ဖူးသေးဘူးရယ်၊အစ်မက လိုက်မပို့ပေးသေးဘူး"
"ဒေါ်ပန်းသွဲ့မိုး ကျွန်မအကြောင်းဘာတွေအတင်းချနေသလဲ"
သွဲ့ခေါင်းအား စာအုပ်ဖြင့်ခပ်ဖွဖွထုရင်း မေးသည့်အစ်မ။
"ဘာမှမပြောပါဘူးနော်။ထန်းတောဘက်ကိုအစ်မ လိုက်မပို့ပေးသေးတဲ့အကြောင်းပဲပြောတာပါ"
"ချောင်းတံတားက ချော်တတ်လို့ မြို့သူမမကို မပို့တာပါရှင်။အကောင်းနဲ့လည်းမပို့ဘဲထားရသေးတယ်"
"သွဲ့သွားချင်တယ်အစ်မရဲ့။ကြာပန်းတွေရှိတယ်ဆို။ဒီမှာ ပိုးငယ်ယူလာတာတဲ့။"
"ပိုးငယ်!!..ကျစ်..ဒီကောင်မလေး ချောင်းထဲဆင်းလာတာနေမယ်"
"ချောင်းထဲ!!"
"ဟုတ်တယ်၊သူကိုယ်တိုင်ခူးလာတာဆိုရင် သူချောင်းထဲဆင်းမှရမှာ၊အပေါ်ကနေလှမ်းခူးလို့မှီမှာမဟုတ်ဘူး"
ချောင်းထဲဆင်းခူးမှရမည်တဲ့။ဘယ်လောက်တောင်အန္တရာယ်များလိုက်သလဲ။သွဲ့ဟာမသိဘဲ ပျော်နေခဲ့မိသည်။အကယ်ရျ်တစ်ခုခုသာဖြစ်ခဲ့ပါလျှင် ဘယ်လောက်တောင်ဝမ်းနည်းစရာကောင်းမလဲ။
YOU ARE READING
စိန်ပန်းတို့အားသက်သေတည်ရျ်
Fantasy"ဟောဒီ့စိန်ပန်းတွေကိုသက်သေတည်ပြီးပြောမယ်။ပန်းသွဲ့မိုးကို ဒေါ်မြသွေးခက်က အရမ်းကို ချစ်မြတ်နိုးရပါတယ်"။