Oneshot

444 56 23
                                    

"ကိုကိုသိလား ဒီနေ့ကျောင်းမှာလေ ကျောင်းသားသစ်တစ်ယောက်ပြောင်းလာတာ နမည်က Haruto တဲ့ ကိုကို့လိုပဲJapanလူမျိုး ပြီးတော့အရမ်းချော.....''

Doyoung ရဲ့စကားတွေကိုဆုံးအောင်ပြောခွင့်မပေး။

"ဒိုယောင်း ကိုကိုအဲ့လိုမျိုးမကြိုက်ဘူးနော် ဘာအသံမှလဲမကြားချင်ဘူး''

ထိုအခါ Doyoungသွားဖြီးလျက် လက်မောင်းတစ်ဖက်တွဲခိုရင်း

"ကိုကိုကလည်းဗျာ ဘာအသံကြားရမှာလဲကျွန်တော်ကလေ Kanemoto Yoshiတစ်ယောက်နဲ့တင်ဆယ်ဘဝလောက်လုံလောက်နေပြီ ''

"Hmm? ဆယ်ဘဝစာပဲလား ဆယ်ဘဝပြီးရင်မလုံလောက်တော့တာလားဟုတ်လားBabe''

"ဟာ ကျွန်တော်ကစကားအဖြစ်ပြောတာလေ''

ဆူပုတ်ပုတ်ဖြစ်သွားတဲ့ကောင်လေးကိုကြည့်ရင်း Yoshi သဘောတကျရယ်လိုက်မိ၏။

"ကိုကိုကစတာပါ ကဲ စာသွားလုပ်တော့လေ ကိုကိုလည်းလုပ်စရာအလုပ်တွေရှိသေးတယ်''

"အင်းပါ ကျွန်တော်အထက်တန်းပြီးသွားရင်တော့ကိုကို့ Company မှာကိုကို့အတွင်းရေးမှူးလုပ်မှာနော်''

"ကဲဗျာဒီကလေးနဲ့တော့... ကိုကိုကမင်းကိုဘာလို့အလုပ်ခိုင်းရမှာလဲ''

"ကျွန်တော်ကခုတောင်ကိုကို့အနားကတစ်လွှားမှခွာချင်တာမဟုတ်ဘူးအမြဲကပ်နေချင်တာ''

"သဘောပါ အခုတော့စာသွားလုပ်တော့''

"ဟုတ်ကိုကို''

Pajama အပြာလေးနဲ့အတူထွက်သွားတဲ့ကောင်လေးက ဘယ်ရှု့ထောင့်ကကြည့်ကြည့်အပြစ်ပြောရက်စရာမရှိ။ တကယ်ကိုလှရက်လွန်းလှပါသည်။ Yoshi ပုံမှန်အတိုင်းဆိုပြုံးမိမှာမှန်ပေမယ့် အခုတော့သက်ပြင်းသာချလိုက်မိသည်။

"ကိုကိုဘယ်လိုလုပ်ရမလဲဒိုယောင်း မင်းကိုအဆုံးရှုံးလည်းမခံနိုင်သလိုပင်ပန်းရမှာလည်းကိုကိုမလိုလားဘူး ''

အကြောင်းကတော့....

Japan ကမိဘတွေ ကျွန်တော်တို့အကြောင်းသိသွားလို့ပါပဲ။ စည်းကမ်းကြီးပြီးတစ်ခွန်းမိန့်မိသားစုမလို့ CEO ပေါက်စတစ်ယောက်ဖြစ်တဲ့ Yoshiကို ယောက်ျားလေးချင်းတွဲတာကိုဘယ်လိုမှလက်ခံမပေးကြပေ။

Reset_[Doyoshi]Where stories live. Discover now