B-EB/18

748 26 0
                                    

Uni တွေစုံစမ်းတော့လဲ စကားများကျရပြန်ရော။

"မရဘူးနော် ကောင်း မင်းစိတ်ဝင်စားတာပဲတက် အဲ့လိုလိုက်လုပ်နေမယ်ဆို ငါမတက်တော့ဘူး"

သူတကယ်လုပ်ရမယ့်အလုပ်နဲ့လမ်းကြောင်းတူတာကိုမရွေးပဲ ကျွန်တော်နဲ့ကွဲမှာစိုးလို့ သူလုံးလုံးစိတ်မဝင်စားတဲ့ civil ကိုလိုက်တယ်မယ်တဲ့လေ။

"မဟုတ်ဘူးလေ သွင်ရာ ဒါလဲ ငါစိတ်ဝင်စားတာပဲဟာကို မင်းရွေးလို့ လိုက်ရွေးတာမှ မဟုတ်တာ"

"ဟင့်အင်း ဟင့်အင်း မင်း စီးပွားရေးပဲယူ ငါက အစတည်းက အင်ဂျင်နီယာဖြစ်ချင်လို့ကို ဒါကိုရွေးတာ မင်းကတော့ မင်းမိဘအလုပ်တွေကိုဦးစီးရမှာ ဒီလမ်းကြောင်းနဲ့ဘာမှမဆိုင်တာကို လုပ်ရမှာ ခင်မင်မှု့ကြောင့်နဲ့တော့ ဘဝတက်လမ်းကိုမဖျက်နဲ့ ကောင်း ငါစိတ်မဆိုးချင်ဘူးနော်"

"မဆိုင်ဘူးလေကွာ အဲ့ကျောင်းတက်ပြီးလဲ ဒယ်ဒီတို့အလုပ်တွေကိုဦးစီးလို့ရတာပဲဟာ"

"တွေ့လား ခုတည်းက မဟုတ်တာကို စကြံစည်နေတာ မင်းက သားကြီး လုပ်ငန်းတွေအကုန် မင်းလုပ်ရမယ့်ဟာကို ဘာမဟုတ်တာလေးနဲ့လိုက်ဖက်တွယ်မနေပါနဲ့ကွာ။ဘာသာကွဲလဲ ကျောင်းတူနေတာပဲဟာ တွေ့လို့ရနေတာပဲလေ ပြီးတော့ ပိတ်ရက်တွေလဲ တွေ့လို့ရတယ် အိမ်မှာလဲလာတွေ့လို့ရနေတာပဲကို ကောင်း ငါစိတ်ဆိုးတော့မှာနော် ပြောလို့မရဘူးလား"

ဒါပဲ သူပြောတတ်တာ ဒါပဲ။ကျွန်တော်ကလဲ သူအဲ့လိုပြောရင်ကို လိုက်လျောချင်နေမိတော့တာ။သူပြောတာ အမှန်တွေပဲမို့ ဘာမှဖြေရှင်းချက်မထုတ်ပဲ ခေါင်းသာညိမ့်ပြလိုက်မိတယ်။တကယ်က ဒီလိုရွေးချယ်မှု့အတွက် အရင်ရက်တွေတည်းက အိမ်မှာတိုက်ပွဲက ဖြစ်ပြီးပြီ။
ဒယ်ဒီရော မာမီကပါ ဒီကျောင်းလိုက်တက်တာကို ဘာမှမပြောပေမယ့် ယူမယ့်ဘာသာအတွက်တော့ သူတို့ဆန္ဒကိုပြောခဲ့ကျတာ ကျွန်တော်ကသာ အတိုက်အခံတွေလုပ်ပြီး အင်ဂျင်နီယာ‌လိုင်းပဲတက်မယ် ပြောခဲ့ပြီးမှ ခုတော့ သွင့်ကြောင့် ဒယ်ဒီတို့စိတ်တိုင်းကျပဲ လုပ်ရတော့မယ်ထင်ပါရဲ့။ထင်တာ မဟုတ်ဘူး လုပ်ကိုလုပ်ရတော့မှာ။

Blue-Eyed boy(Completed)Where stories live. Discover now