မျက်နှာကိုတဖြည်းဖြည်းချင်းရိုက်ခတ်လာတဲ့ ဆောင်းရာသီလေအေးအေးရဲ့ အထိအတွေကနှစ်သက်စရာ..........
ဆောင်းခိုငှက်လေးတွေရဲ့ အသိုက်ထဲမှာအောင်းရင်း တစာစာအော်နေကြတာကိုလဲမမြင်ရပေမယ့်ကြားနေရသည်။
Baek's pov- Baek ဒီဝရန်တာလေးမှာရပ်နေမိတာတစ်နာရီကျော် လောက်ရှိသွားပြီ......
အမြင်အာရုံကနေမြင်ခွင့်မရတဲ့ ဆောင်းရာသီမြင်ကွင်းလေးကို စိတ်ကူးထဲကနေ ပုံဖော်နေမိသည်
အဲ့အချိန်မှာပဲ နောက်ကျောဘက်က ထွက်လာတဲ့အသံတစ်ခု
"Baek-ah ထမင်းစားရအောင်လေ....."
ဒီအသံပိုင်ရှင်ကိုbaekမသိပဲနေပါ့မလား နှစ်ယောက်မရှိသော Park Chanyeolပေါ့.....
Baek- Baek လာခဲ့မယ် သွားနှင့်ပါ
Baek အေးတိအေးစက်ပဲပြန်ဖြေလိုက်တယ်
Chanyeol- baekကိုကိယ်ကလာခေါ်တာလေ လာထမင်းစားရအောင်နော် ဆိုပြီး baekရဲ့လက်ကလေးတွေကို လှမ်းဆွဲလိုက်တယ်
Baek- Park Chanyeol-shii ဒီအိမ်ထဲမှာ ကျွန်မအမြဲနေနေတာပါမမြင်ရပေမယ့် သွားနေကျပါ ရှင်စိတ်ပူစရာမလိုပါဘူး သွားပါ......
Chanyeol's pov- Baekရယ် ကိုယ့်အပေါ်အမုန်းတွေမကျေနိုင်သေးဘူးလားကွာ
Baekရဲ့ပြတ်သားတဲ့စိတ်ကို Chanyeol အရှုံပေးလိုက်ရပြီး ထမင်းစားခန်းထဲကပဲစောင့်နေလိုက်တယ်......
.................................
ခဏကြာတော့ baekတစ်ယောက် ဘေးနံရံကို လက်လေးတွေနဲ့စမ်းရင်း ဖြေးဖြေးချင်းလျှောက်လာကာ ထမင်းစားစားပွဲမှာထိုင်လိုက်တယ်
Baekလာတာမြင်တော့ အိမ်မှာခေါ်ထားတဲ့arjimaက
"baekလေးလာပြီလား.... arjimaကလာခေါ်မလို့ပဲ yeolလေးကသူကိုယ်တိုင်သွားခေါ်မယ်ဆိုလို့လေ...."
Baek- nae arjima ရပါတယ် ဒါပေမယိ့နောက်ကိုတော့ arjimaပဲလာခေါ်ပါ
arjimaကbaekကို ထမင်းခွံ့ကျွေးဖို့လုပ်တော့ Chanyeolလက်ကာပြလိုက်ကာ လေသံတိုးတိုးလေးဖြင့် "arjima ကျွန်တော်ခွံ့ကျွေးလိုက်မယ်"
arjimaလဲခေါင်းညိတ်ပြကာ ထမင်းပန်းကန်ကမ်းပေးလိုက်သည်
Baek ကတော့arjimaခွံ့ကျွေးတယ်ပဲထင်ပြီး စားနေတာပေါ့
စားလို့ပြီးတော့မှ yeolက "စားလို့ကောင်းရဲ့လား... baek"
Baek အခြေအနေကိုသဘောပေါက်လိုက်သည်
ထမင်းစားနေကတည်းကတော့စိတ်ထဲကထင်မိသား
Baekကိုကျွေးတဲ့ဇွန်းကarjimaဘက်ကမလာပဲ baekနဲ့မျက်နှာချင်းဆိုင်yeolဘက်ကလေ ပြီးတော့သူစားသောက်သံလည်းမကြား........
Baek မျက်နှာလေးတင်းသွားကာ" Park Chanyeol-shii Baekနဲ့ပတ်သက်တဲ့ကိစ္စတွေဘာမှလုပ်မပေးဖို့ပြောထားပါတယ် baekရဲ့ခင်ပွန်းဆိုပေမယ့် baekကိုရှင်ဘာမှမလုပ်ပေးပါနဲ့ ကျွန်မမကြိုက်ဘူး "
baek yeolကိုခပ်ပြတ်ပြတ်ပြောပြီးမှ
"arjima baekအခန်းထဲပြန်နားတော့မယ်လိုက်ပို့ပေးပါ"
arjima- aww အေးအေး baekလေး arjimaလိုက်ပို့ပေးမယ်
Arjima နဲ့baekထွက်သွားတော့ yeolထမင်းစားခန်းမှာမှိုင်မှိုင်တွေတွေကျန်ခဲ့သည်
Yeol's pov- Baekရယ် ကိုယ့်အမှားတွေအားလုံးကို ပြင်ဆင်ပြီး baekနားမှာ အခုလိုအချိန်ပေးချင်တော့မှ baekကကိုယ့်ကို ဘာလို့များခါးခါးသီးသီး ဖြစ်သွားရတာလဲကွာ ဒါပေမယ့်ကိုယ် baekစိတ်ပြေတဲ့အထိစောင့်မှာပါbaekရယ် baekရဲ့ oppa ဆိုတဲ့ခေါ်သံလေးတွေ ကိုယ်ပြန်ကြားခွင့်ရနိုင်အောင်ကြိုးစားမှာပါ ကြိုးစားခွင့်ပြုပါ baek ...........
Baekကိုarjimaခန်းထဲလိုက်ပေးပြီး ပြန်ထွက်လာခဲ့သည်
arjima's pov- Baek လေးရယ် yeolလေးလဲ အမှားတွေကိုပြင်နေပါပီကွယ် ခွင့်လွှတ်ပေးပါတော့ baekလေးရဲ့အရင်လိုတောက်ပတဲ့အပြုံးတွေကိုပဲarjimaမြင်ချင်ပါတယ်ကွယ် .......................
***********Part-1ends*************
To be continued