Backpack

1.4K 155 37
                                    

ဆံပင်ကို နဖူးပြင်အထက်သို့ သပ်သပ်ရပ်ရပ်လှန်တင်ပြီးနောက် အင်္ကျီစကိုဘောင်းဘီထဲသို့ထိုးထည့်လိုက်သည်။ ပြီးနောက် အံဆွဲထဲက နက်ကတိုင်တစ်ခုကိုယူလိုက်ပြီး ကော်လံအောက်တွင် ခက်မြန်မြန်ချည်သည်။ ထို့နောက်လက်တွင်ပတ်ထားသော နာရီကိုတစ်ချက်ကြည့်လိုက်တော့..

shit !..နောက်ကျနေပြီ..

စိတ်တိုစွာမြည်တွန်တောက်တီးရင်း စားပွဲပေါ်က လက်ဆွဲအိတ်ကို ကပျာကယာဆွဲယူပြီး တံခါးကိုဒုန်းကနဲ့ ပိတ်ကာ အခန်းပြင်ထွက်လာခဲ့လေသည်။

အခန်းပြင်ရောက်တော့ တဂွီဂွီဆာလာသောဗိုက်ကြောင့် မီးဖိုဆောင်ဘက်သို့လှမ်းကြည့်မိသည်။

ထိုအခါမီးဖိုထဲက တစ်စုံတစ်ယောက်၏အကြည့်နှင့် တည့်တည့်တိုးတော့သည်။

"အကို..အလုပ်သွားတော့မှာလား..ခဏလေးနော်..ဟင်းကျက်တော့မယ်..ခဏဆိုရပြီ.."

ဂျင်းဘောင်းဘီပွပွကြီးနှင့် ယောက်ျားဝတ်အင်္ကျီနွမ်းနွမ်းဖားဖားကြီးကို တွဲဝတ်ထားသော ကျွန်တော်အိမ်ကလူက လှမ်းပြောတော့ ကျွန်တော်သူ့ကိုကြည့်ပြီး စိတ်ထဲမှစုတ်တစ်ချက်သက်လိုက်မိသည်။

"ရတယ် ကိုယ်အပြင်မှာပဲ စားလိုက်တော့မယ်.."

ပြောပြီးတာနဲ့ အိမ်ရှေ့ကိုခက်သွက်သွက်လျှောက်လာခဲ့ပြီး ရပ်ထားသည့်ကားပေါ်သို့ လျင်မြန်စွာတက်လိုက်သည်။

"အကို.. စားပြီးမှသွားပါလား..အကုန်ကျက်နေပြီကို..အကိုဗိုက်ဆာနေလိမ့်မယ်.."

ကားတံခါးနားထိရောက်လာပြီး မနက်စာစားသွားရန်ပြောနေသည့် အိမ်ကလူကို သက်ပြင်းတစ်ချက်ရှိုက်ရင်းလှမ်းကြည့်မိသည်။

အရောင်အဆင်းမရှိ ဖရိုဖရဲဖြစ်နေသော ဆံပင်တွေ..ပုံမကျ ပန်းမကျဝတ်စားဆင်ယင်မှုတွေက ကျွန်တော့ရဲ့ မနက်စာစားချင်စိတ်ကိုကုန်ဆုံးစေသည်။

"ကိုယ်မစားချင်တော့ဘူး..အပြင်မှာပဲ..အင်း..တစ်ခုခုစားလိုက်မယ်.. "

ပြောပြီးတာနဲ့ ကားစက်နိုးပြီး တံခါးမှန်ကိုပါတင်လိုက်သည်။

Backpack (one short)Where stories live. Discover now