ဆံပင်ကို နဖူးပြင်အထက်သို့ သပ်သပ်ရပ်ရပ်လှန်တင်ပြီးနောက် အင်္ကျီစကိုဘောင်းဘီထဲသို့ထိုးထည့်လိုက်သည်။ ပြီးနောက် အံဆွဲထဲက နက်ကတိုင်တစ်ခုကိုယူလိုက်ပြီး ကော်လံအောက်တွင် ခက်မြန်မြန်ချည်သည်။ ထို့နောက်လက်တွင်ပတ်ထားသော နာရီကိုတစ်ချက်ကြည့်လိုက်တော့..
shit !..နောက်ကျနေပြီ..
စိတ်တိုစွာမြည်တွန်တောက်တီးရင်း စားပွဲပေါ်က လက်ဆွဲအိတ်ကို ကပျာကယာဆွဲယူပြီး တံခါးကိုဒုန်းကနဲ့ ပိတ်ကာ အခန်းပြင်ထွက်လာခဲ့လေသည်။
အခန်းပြင်ရောက်တော့ တဂွီဂွီဆာလာသောဗိုက်ကြောင့် မီးဖိုဆောင်ဘက်သို့လှမ်းကြည့်မိသည်။
ထိုအခါမီးဖိုထဲက တစ်စုံတစ်ယောက်၏အကြည့်နှင့် တည့်တည့်တိုးတော့သည်။
"အကို..အလုပ်သွားတော့မှာလား..ခဏလေးနော်..ဟင်းကျက်တော့မယ်..ခဏဆိုရပြီ.."
ဂျင်းဘောင်းဘီပွပွကြီးနှင့် ယောက်ျားဝတ်အင်္ကျီနွမ်းနွမ်းဖားဖားကြီးကို တွဲဝတ်ထားသော ကျွန်တော်အိမ်ကလူက လှမ်းပြောတော့ ကျွန်တော်သူ့ကိုကြည့်ပြီး စိတ်ထဲမှစုတ်တစ်ချက်သက်လိုက်မိသည်။
"ရတယ် ကိုယ်အပြင်မှာပဲ စားလိုက်တော့မယ်.."
ပြောပြီးတာနဲ့ အိမ်ရှေ့ကိုခက်သွက်သွက်လျှောက်လာခဲ့ပြီး ရပ်ထားသည့်ကားပေါ်သို့ လျင်မြန်စွာတက်လိုက်သည်။
"အကို.. စားပြီးမှသွားပါလား..အကုန်ကျက်နေပြီကို..အကိုဗိုက်ဆာနေလိမ့်မယ်.."
ကားတံခါးနားထိရောက်လာပြီး မနက်စာစားသွားရန်ပြောနေသည့် အိမ်ကလူကို သက်ပြင်းတစ်ချက်ရှိုက်ရင်းလှမ်းကြည့်မိသည်။
အရောင်အဆင်းမရှိ ဖရိုဖရဲဖြစ်နေသော ဆံပင်တွေ..ပုံမကျ ပန်းမကျဝတ်စားဆင်ယင်မှုတွေက ကျွန်တော့ရဲ့ မနက်စာစားချင်စိတ်ကိုကုန်ဆုံးစေသည်။
"ကိုယ်မစားချင်တော့ဘူး..အပြင်မှာပဲ..အင်း..တစ်ခုခုစားလိုက်မယ်.. "
ပြောပြီးတာနဲ့ ကားစက်နိုးပြီး တံခါးမှန်ကိုပါတင်လိုက်သည်။
أنت تقرأ
Backpack (one short)