Ep-4(Zawgyi)

1.3K 28 0
                                    



"နဂါး ဟိုအရှေ့မှာ ခွန်းဆက်နဲ့သူဇာမလား"

ရွာလူကြီးအိမ်က ခြံအပြင်ဘက်ထွက်နေသော မာလကာသီးကိုင်းကို လှော်တက်နဲ့ရိုက်ချနေရင်း အနောက်မှ ဇေယျာအသံကြောင့် လှည့်ကြည့်လိုက်သည်။

"အင်း ကျောင်းဆင်းပြီထင်တယ် "

ခြံထဲက ခွေးဟောင်သံကိုလည်း မကြားချင်ယောင်ဆောင်ကာ အလုံးကြီးကြီးနဲ့မှည့်ဝင်းနေသော အသီးထံ အာရုံပြန်စိုက်လိုက်သည်။ နှစ်လုံးခိုင်ရိုက်မိပြီး မြေပေါ်ကျသော်လည်း ရွာမြေတွေက မာကျစ်မနေသောကြောင့် အခွံအပြင်ပိုင်းပွန်းရုံသာ။အသီးကို အင်္ကျီနဲ့ကောက်သုတ်ကာ ဇေယျာကို တစ်လုံးပေးလိုက်ပြီး အူနီသီးရဲ့ ချိုမြမြအရသာကို မြုံရင်း အဝေးမှ မိန်းကလေး ခြေလှမ်းနဲ့အတူ လှမ်းနေရသော ဆူပုတ်ပုတ်မျက်နှာလေးနဲ့ သူ့ကို လှမ်းကြည့်နေလိုက်သည်။

"ဇေယျာကြည့်နေ ငါ တစ်နှစ်သုံးလို့ ရေလိုက်တာနဲ့ ခွန်းဆက်ရဲ့ ခေါင်းက ညာဘက်ကို လှည့်လိမ့်မယ် "

"ဟမ်? "

ဇေယျာက နားမလည်သလို ပြန်မေးတာကြောင့် ကြည့်နေရန်သာ မေးငေါ့ပြလိုက်သည်။ တည့်တည့် မျက်နှာမူပြီးလျှောက်လှမ်းနေတဲ့ မျက်နှာဖြူဖြူလေးက နွယ်ပင်တွေနဲ့ ကာရံထားတဲ့ ခြံစည်းရိုးနားအရောက်

"တစ် ... နှစ် ... သုံး ညာဘက် "

နဂါးရဲ့ စကားဆုံးသည်နှင့် လှည့်သွားတဲ့ခေါင်းလေးက တကယ်ဘဲ ညာဘက်ကို စောင်းကာ လမ်းသွားရင်း ကြည့်နေသည်။

"နောက်တစ်ခါ တစ်.. နှစ် ... သုံး ... ဘယ်ဘက် "

"ဟ! မင်းဘယ်လိုသိတာလဲ "

တကယ်ပဲ နဂါးက ခွန်းဆက် ခေါင်းကို ကိုင်ကာ ဟိုဘက်ဒီဘက်လှည့်နေသလိုကို တိကျနေကြောင့် ဇေယျာအံ့ဩနေသည်။

"ဘယ်လိုသိလဲ ဆိုရင် သူကျောင်းသွားတိုင်း အဲ့နှစ်အိမ်ကို အမြဲတမ်းငေးပြီး ကြည့်သွားတတ်တယ် ပြန်လာရင်လည်း အဲ့ရှေ့ရောက်ရင် ခေါင်းမစောင်းဘဲမနေဘူး "

"အာ အဲ့ဒီအိမ်မှာ သူ့အရွယ်ကောင်မလေးတွေများရှိနေလို့လား "

ကမ်းပါးဘေးက ကျူရိုးငယ်Where stories live. Discover now