နှောင်းကြိုးတစ်ခုရဲ့ စည်းမျဉ်း Ep 13

261 25 1
                                    

နှောင်းကြိုးတစ်ခုရဲ့ စည်းမျဉ်း Ep 13

ည ၁ နာရီ

နာရီသံ တချပ်ချပ်နဲ့အတူ အငြိမ်မနေနိုင်သော ခန္ဓာကိုယ်တစ်ခုက လူးလားခေါက်တုန် လျှောက်နေခဲ့သည်

ညနက် လာတာနဲ့အမျှ ဘယ်ရောက်သွားလဲ အတွေးတို့နဲ့အတူ စိုးရိမ်းပူပန်းစိတ်တို့ မြင့်တတ်လာခဲ့ကာ ဂျောင်းကု စောင့်ဖို့ နည်းနည်းမှ စိတ်မရှည်တော့ပါ

ဆိုင်ကယ်သော့ ယူလိုက်ပီ တန်မှာချိတ်ထားသော ဂျာကင် အိကျီဝတ်လိုက်ပီ အိမ်ထဲကထွက်ခွာလာကာ ကားဂိုထောင်တံခါး ဖွင့်လိုက်ချိန် ရှိနေတဲ့ကားကြောင့် လူကြီးဝေးဝေးလံလံသွားတာ မဖြစ်နိုင် ဒီပတ်ဝန်ကျင်မှာ ရှိနိုင်တယ်လို့ ယူဆလိုက်ကာ

ဆိုင်ကယ်‌ကို သော့ဖွင့်လိုက်ပီ မောင်ထွက်လာခဲ့သည်

ရပ်ကွက်တစ်ပတ် ပတ်ပီသည်အထိ တစ်ရပ်ကွက်လုံးတိတ်ဆိတ်ကာ လမ်းတို့က လူအရိပ်တောင်ရှိမနေ

ဂျောင်းကု ဟိုဟိုသည်သည် တစ်လမ်းလုံးကြည့်သွားပေမယ့် မတွေ့တဲ့သူကြောင့် သက်ပြင်းတို့မှုတ်ထုတ်လိုက်ပီ

ဟူးးးလူကြီးဘယ်သွားခဲ့တာလဲ တွေးကာ လမ်းတလျှောက်မောင်းလာခဲ့ချိန် ရပ်ကွက် နှစ်ခုကြားက ကျယ်ပြန့်တဲ့ပန်းခြံနား ရောက်လာခဲ့ပီ ဆိုင်ကယ်ကိုအရှိန် လျှော့ချလိုက်ကာ ဖြေးညင်းစွာ သတိနဲ့မောင်းလာပီ ကြည့်နေစဉ်

အားရုံအားလုံးက ပန်းခြံထဲပို့ထားခဲ့ချိန်

ဝုန်းးးး

တွန်းထုတ်လိုက်တဲ့ ရိုက်ချက်နဲ့အတူ ဆိုင်ကယ်တခြား လူတစ်ခြား လွင့် ထွက်သွားခဲ့သည်

‌ဆိုင်ကယ်က ဖြေးဖြေးစီးနေတာမို့ လွင့်သွားပေမယ့် ဒဏ်ရာ ကြီးကြီးမားမားမရပဲ နဂို သတိရှိသူမို့ ချက်ချင်ထရပ်လိုက်ပီ အသင့်အနေထား နေနေလိုက်သည်

ဆိုင်ကယ်နဲ့သူ့ကို ကန်ခံလိုက်ရတာသိပေမယ့် ဘာမျှမတွေ့တာကြောင့် သရဲခြောက်တာလား တွေးမိကာ

လှဲနေတဲ့ ဆိုင်ကယ်ကို ထောင်လိုက်ချိန် ဆိုင်ကယ်ရဲ့ မီးရောင်အောက်မှာပေါ်လာတဲ့ သတ္တဝါကြောင့် ဂျောင်းကု ပါးစပ်အဟောင်းသားဖြစ်သွားခဲ့သည်

နှောင်းကြိုးတစ်ခုရဲ့စည်းမျဉ်း uni+zgWo Geschichten leben. Entdecke jetzt