Heated mornings

139 10 0
                                    

'အာ... ဟန်ဘင်းဟျောင်း... ဂယူဘင်းဆီ လာတာလား'

'အင်း ဟုတ်တယ် သွားစရာလေးတခုရှိလို့'

'ဂယူဘင်း အခန်းထဲ မရှိဘူး'

'အန်... အတန်းပြီးရင် အခန်းထဲကပဲ စောင့်နေလို့ မှာထားတာလေ'

'ခုနက ဖုန်းလာပြီး အလန့်တကြား ပြေးထွက်သွားတာ တွေ့လိုက်တာပဲ ဟျောင်း' မက်ချူး အဖြေစကားကြောင့် ဂယူဘင်းကို ချက်ချင်း မေတ္တာပို့လိုက်မိတယ် ယူဂျင်းနီးဆီကိုပဲ နေမှာပေါ့ မေးကြည့်စရာတောင် မလိုဘူး ဒီတခါလဲ ကျွန်တော့်ကို ပလစ်သွားပြန်ပြီ ဒီကောင်တော့ နာတော့မယ် ဒါပေမယ့်လဲ တဖက်က ယူဂျင်းနီး ဖြစ်နေသရွေ့ ဆယ်ခါပြိုင်ရွေးခိုင်းရင်တောင် ဆယ့်တစ်ခါ ကျွန်တော် ကျန်ရစ်ဖြစ်မှာပါပဲ ဂယူဘင်းဆိုတာ အသက်ရှူရင်ကို ဟန်ယူဂျင်း ဖြစ်နေတာလေ စားလဲ ဟန်ယူဂျင်း သွားလဲ ဟန်ယူဂျင်း

စတွေ့တဲ့နေ့ထဲကကို ဒီကလေးလေးကို ကျွန်တော် တသက်လုံး တာဝန်ယူစောင့်ရှောက်သွားတော့မှာဆိုလို့ ကျွန်တော့်မှာ အူတွေ ပြတ်မတက် ထိုင်ဟားခဲ့မိသေးတာ

ဘယ့်နှယ့် ဘောင်းဘီတိုလေး ဝတ်ထားတဲ့ ကလေးရုပ်တောင် မပျောက်သေးတဲ့ ကလေးလေး သူ့ဘာသူ ခေါက်ဆွဲနယ်စားနေတာကို မြင်ပြီး စကားကြီးစကားကျယ် ပြောတယ်ဆိုကာ လှောင်ပြောင်အော်ရယ်ခဲ့ပေမယ့်လဲ ခုဆို ချစ်ခြင်းတွေ ထပ်တူကျခဲ့တာတောင် နှစ်နှစ်ကျော် ရှိလာခဲ့ပြီ

တဘဝလုံး တာဝန်ယူချင်ခဲ့တဲ့ ယုန်ဖြူလေးကလဲ ခုဆို ကိုကိုချင်းထပ်လို့ ကြည်နူးကြတာများ ဘေးလူပါ မျက်စိနောက်တယ် ဒါတောင် ဘာတဲ့ ကိုကို့ဆီက ချစ်ခံရတာ ပင်ပန်းလှတယ်က အပြောမပျက်ဘူး အတွဲတွေများ မာယာက ပိုကြတာ

'ဟျောင်း.... ဟန်ဘင်းဟျောင်း?' ဘယ်လောက်တောင် အတွေးလွန်သွားမိသလဲ မသိ မက်ချူး လက်မောင်းကို ဆွဲခါလှုပ်လာမှ ဟိုအတွဲကို မေတ္တာပို့နေတာ ရပ်မိတယ်

'အင်း... မက်ချူး ဘာပြောလိုက်တာလဲ'

'ဘယ်သွားမို့လဲလို့'

'အရေးတကြီး မဟုတ်ပါဘူး ဂစ်တာ သွားဝယ်မလို့ အဲ့ဒါ လိုက်ရွေးခိုင်းမလို့ကို'

Me & 🤍🖤Where stories live. Discover now