Part-5

19.4K 1.2K 68
                                    

Unicode

Love Error

သူငယ်ချင်းတွေဝိုင်းဆွဲနေပေမယ့်လည်း တခွပ်ခွပ်နဲ့ ထိုးမြဲထိုးစဲလှုပ်ရှားနေတဲ့ သျှားရဲ့လက်တွေက မရပ်တန့်သေး။သုံးယောက်တစ်ယောက်ဆိုပေမယ့် ထိုသုံးယောက်စလုံးကတော့ သျှားလက်အောက်မှာ ကျရှုံးနေရသည်။

ထိုလူသုံးယောက်စလုံးမြေပြင်ပေါ်မှာ လဲနေတာဖြစ်ပြီး မင်းရဲဆိုတဲ့တစ်ယောက်ကို သျှားအဆက်မပြတ်ထိုးနေသည်။နီရဲနေသော သျှားရဲ့မျက်နှာက သိပ်ကိုကြောက်ဖို့ကောင်းလှ၏။ရန်ဖြစ်နေကျဆိုပေမယ့် အခုတစ်ခေါက်မှာ သူပိုပြီး ဒေါသထွက်နေ၏။ဖြစ်ရိုးဖြစ်စဉ် လူငယ်အချင်းချင်း ရန်ဖြစ်သည်ဆိုပေမယ့် ထိုးချက်တွေက အငြှိုးတွေများရှိနေသည်ဟုထင်ရလောက်အောင်ကို အားပါလှသည်။ဒါမှမဟုတ် သူ့မှာတစ်ခြားစိတ်ညစ်စရာတွေများရှိနေသလား။

"တော်တော့ သျှား"

အောက်ကလူမှာ သွေးအလိမ်းလိမ်းထွက်နေလို့ သျှားလည်း စိတ်ထိန်းပြီး သူ့ထိုးချက်တွေကို ရပ်တန့်ပစ်လိုက်သည်။ရန်ဖြစ်စက တစ်ချက်အထိုးခံလိုက်ရလို့ နှုတ်ခမ်းထောင့်မှ သွေးစတွေကို လက်မနဲ့ဖိသုတ်လိုက်၏။နားထင်မှာလည်း ခြစ်ရာတစ်ခုကရှိသေးသည်။

သိပ်ကိုဒေါသတွေပြင်းထန်နေတဲ့ သျှားကို သူ့သူငယ်ချင်းတွေကတောင် လန့်နေရသည်။သျှားရဲ့ပုံစံက သူတို့မတားရင် လူတောင်သတ်မည့်ကိန်း။

ထို့နောက်သူ့ဘောင်းဘီအိတ်ထောင်ထဲက မီးခြစ်အသစ်စက်စက်နဲ့ ဆေးလိပ်ဘူးအားထုတ်ပြီး သောက်ဖို့ရာပြင်နေသည်။

"သျှား၊ မင်း သောက်နေကျမဟုတ်ဘဲနဲ့"

ဘေးက သုတက တားလိုက်ပေမယ့် သူကတော့ မီးညှိပြီး တစ်ချက်တောင်ရှိုက်ပစ်လိုက်သည်။

"သောက်နေကျမဟုတ်လည်း သောက်တယ်ကွာ"

သုတတို့လည်း သူ့ကိုမနိုင်ဘူးဆိုသည့်ပုံစံနဲ့ ခေါင်းရမ်းပြလိုက်သည်။

သျှား ဒေါက်တာခွန်းဆက်ဦး၏ ကားပေါ်မှ ဆင်းပြီး မိမိအိမ်သို့လမ်းလျှောက်ပြန်ရသည်။မိမိအိမ်နဲ့အတော်ဝေးတာရော၊ ခြေလျင်ဖြစ်တာကြောင့်ရော တော်တော်နဲ့မရောက်နိုင်။လမ်းတစ်ဝက်ရောက်တော့ ကုန်စုံဆိုင်တစ်ခုမှာ မီးခြစ်နဲ့ ဆေးလိပ်ဝင်ဝယ်ရင်း သုတဆီမှ ဖုန်းဝင်လာသည်။

Love Error(Completed-Unicode/Zawgyi Code)Where stories live. Discover now