ရိုးရှင်းနေခဲ့ရုံပါ^^

35 1 0
                                    

"အချစ်ရေ မောနင်း~"

အမြဲတမ်း လူကို စနောက်တတ်လေသောထိုမိန်းကလေး။

ထိုမိန်းကလေးက ကိုယ့်ကို ကြိုက်သလိုလို ဘာလိုလိုနဲ့ လုပ်နေတတ်ပေမဲ့ မိန်းကလေးချင်းလည်းဖြစ်တော့ စနောက်နေတယ်ဆိုတာ တစ်ရုံးလုံးလိုလိုသိကြသည်။

အခုလည်း  အနားရောက်လာပြီး အပြုံးချိုချိုလေးနှင့် နှုတ်ဆက်ပြန်သည်။ ထိုအမျိုးသမီးငယ်ဟာ ပါးချိုင့်လေးနှစ်ဖက်နဲ့ ပြုံးလိုက်ရင် အတော့်ကိုလှသော  အမျိုးသမီးပင်ဖြစ်လေသည်။
ပါးချိုင့်က နှုတ်ခမ်းအထက်လေးမှာ ဝိုင်းဝိုင်းသေးသေးလေးဖြစ်လေသည်။

စသလိုလို နောက်သလိုလိုနှင့် ကိုယ့်ဆီတဖြည်းဖြည်း ချဉ်းကပ်လာခဲ့သော ထိုမိန်းကလေးဟာ ကိုယ်ဟိုးအရင်ထဲက တိတ်တခိုးသဘောကျနေရသူ... ။

"နန်း နားမှာပဲ ထိုင်မှာ ဟဲဟဲ"

စကားနည်းတဲ့ကိုယ်က ဘာမှကိုမပြောခဲ့။ လုပ်ဖော်ကိုင်ဖက်တွေကတော့ သူ့ကို ဝိုင်းစကြနောက်ကြပေါ့။

"နန်း နန်း~ နန်းက အရမ်းမိုက်တာ ဟီး ငါက နန်းလိုလူမျိုးကိုပဲကြွေတာလေ"

နန်း က ဟိုးငယ်ငယ်လေးတည်းက Lesbian တစ်ယောက်ဖြစ်ခဲ့ပြီး ကိုယ့်ကိုကိုယ်လည်း come out လုပ်ထားခဲ့ပြီးသား။

မေ ကတော့ Bisexual တစ်ယောက်ဖြစ်လေသည်။

နှစ်ဦးသားက စရင်းနောက်ရင်းနဲ့ ဖလစ်ကြတဲ့အထိဖြစ်လာခဲ့သည်။

"နန်း~ နန်းကို ငါလေ အရမ်းသဘောကျတာပဲ"

"အင်း ကိုယ်ရောပဲ"

အသက်လပိုင်းလောက်သာကွာသော နန်းတို့က သူငယ်ချင်းလို နင် ငါ သာ ပြောဆိုဆက်ဆံကြတာများလေသည်။

အနေနီးလာတာနှင့်အမျှ သိလာရသော မေ့ရဲ့အကြောင်းတွေ.. ။

ထိုအရာ‌များက နန်းရဲ့ ရင်ကို တနုံ့နုံနှင့် နာကျင်စေသည်။

Play girl လို့နာမည်အမြဲထွက်ခဲ့တဲ့ မေ က နန်းကို သဘောကျတယ်ပြောခဲ့ပေမဲ့ သူ့အဲ့လိုပြောနေတာ နန်း တစ်ယောက်တည်းမဟုတ်ခဲ့ဘူး။

ဟိုးအစတည်းက သိခဲ့သူမို့ ရှေ့မတိုးဘဲ တိတ်တခိုးပဲသဘောကျခဲ့မိသည်။

GL Short Stories Where stories live. Discover now