if you ...if you...
အခုထိအရမ်းနောက်မကျသေးဘူးဆိုရင်
ကိုယ်တို့နောက်ပြန်လှည့်လို့ရနိုင်မလား။If you ...if you ...
မင်းလည်း
ငါ့လိုခံစားနေရတယ်ဆိုရင်
ကိုယ်တို့ ပိုလွယ်တဲ့နည်းလမ်းကို စဥ်းစားကြည့်ကြမလား။ဘေးမှာရှိနေတုန်းက မင်းအပေါ် ပိုကောင်းပေးခဲ့သင့်တာပါ... (If you by Big Bang)
..
.
.
.တိတ်ဆိတ်အေးချမ်းနေသောညကို ဖုန်းringtoneသံ ကျယ်ကျယ်လောင်လောင်ကဖြိုခွင်းလိုက်သောအခါ ဆောနူး အိပ်နေရာမှ လန့်နိုးလာသည်။
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေချိန်၀င်လာတဲ့ဖုန်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားရတာအမှန်ပင်။
မမြင်ဖူးတဲ့ဖုန်းနံပါတ်အစိမ်းတစ်ခုဖြစ်နေတာကြောင့်မရေရာခြင်းများစွာနဲ့ဖုန်းကိုကိုင်လိုက်ပေမယ့် တော်တော်ကြာသည်အထိ တစ်ဖက်မှ အသံတစ်စုံတစ်ရာမကြားရချေ။
" ဟယ်လို ဘယ်သူလဲ "
အသက်ရှူသံတစ်ခုကလွဲရင် ဘာစကားသံမှမကြားရတာကြောင့်စိတ်တိုစပြုလာသည်။
အိပ်ချင်မူးတူးအနေအထားမို့ ဖြစ်နိုင်ချေတွေကိုမတွေးနိုင်တော့ဘဲ ဖုန်းချပစ်လုဆဲဆဲမှာ နှလုံးသားရဲ့အနက်ရှိုင်းဆုံးတစ်နေရာကနေ ရင်းနှီးနေပြီးသားဖြစ်တဲ့ အသံသြရှရှလေးကို ကြားလိုက်ရသည်။
" ကိုယ်ပါ ဆောနူးhyung "
အိပ်ချင်နေတဲ့စိတ်တွေ အကုန်လုံး လွင့်စင်သွားပြီး ရင်ထဲမှာဆို့နင့်နာကျင်ခြင်းတို့က အစားထိုး၀င်ရောက်လာခဲ့သည်။
ဒီအတောအတွင်း သူ့ကိုမေ့နိုင်ပြီလို့ ကိုယ့်ကိုယ်ကိုယ်လိမ်ညာပြီး စိတ်ကိုအနည်ထိုင်အောင် ကြိုးစားထားခဲ့သမျှ
"ကိုယ်ပါ" ဆိုတဲ့စကားလေးတစ်ခွန်းနဲ့ အကုန်ပြိုလဲရပြန်ပြီ။" ဘာကိစ္စရှိလို့လဲ "
အတတ်နိုင်ဆုံး ကြိုးစားပြီး လေသံကိုမာအောင်ပြောလိုက်ပေမယ့် အဖျားခတ်တုန်ရီသွားတာကြောင့်ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်ရပြန်သည်။
" ကိုယ် ဆောနူး hyungကို အရမ်းလွမ်းနေလို့ပါ အတတ်နိုင်ဆုံးသည်းခံနေပေမယ့် ဘယ်လိုမှမနေနိုင်အောင်လွမ်းနေလို့."
YOU ARE READING
Kintsugi
Fanfictionကိုယ်တို့ ဂျပန်ရိုးရာမှာ ကွဲသွားတဲ့ပန်းကန်တွေကို ရွှေနဲ့ပြန်ဆက်ကြတဲ့ အလေ့အထတစ်ခုရှိတယ်။ အဲဒီအလေ့အထကို Kintsugi (golden joinery) or Kintsukuroi ( golden repair ) လို့ခေါ်ကြတယ်။ အဲလိုရွှေနဲ့ပြန်ဆက်လိုက်ခြင်းအားဖြင့် ကွဲအက်နေတဲ့အက်ကြောင်းရာတွေက အရုပ်ဆ...