"စောင့်နေရတာ ကြာသွားပြီလား ကိုယ်နည်းနည်းနောက်ကျသွားတယ်။"
နီခီက ပြောပြောဆိုဆိုနဲ့ ကျွန်တော့်လက်ကိုဆွဲပြီး ဟိုအကိုနဲ့ဝေးတဲ့ဘက်ကိုပို့လိုက်ရင်း ထိုအကိုကိုပြုံးပြကာ စာအိတ်တစ်အိတ်ထုတ်ပေးလိုက်သည်။စာအိတ်တစ်လုံးနဲ့ ကြောင်တောင်တောင်ကျန်ခဲ့တဲ့အကိုကို နီခီက " ခွင့်ပြုပါဦးလို့ကောင်းကောင်းမွန်မွန်နှုတ်ဆက်လိုက်တာကြောင့်ကျွန်တော်ပါအံ့သြနေရသည်။
ရန်ဖြစ်ကြတော့မယ်ထင်ပြီးစိတ်ပူနေရာကနေ အေးဆေးတည်ငြိမ်တဲ့နီခီ့အပြုအမူကြောင့် အနည်းငယ်စိတ်သက်သာရာရသွားတာတော့အမှန်ပင် ။
နီခီက ဟိုအကိုကိုဘာစာအိတ်ပေးလိုက်တာလဲဆိုတာသိချင်ပေမယ့် စပ်စုတယ်ထင်မှာစိုးလို့ မမေးတော့ဖို့စာဆုံးဖြတ်ပြီး စကားတစ်ခွန်းမှမပြောဘဲ ကားထဲ၀င်ထိုင်လိုက်သည်။
သတိထားမိချိန်မှာ နီခီ့ဘေးကို၀င်ထိုင်မိပြီးသားဖြစ်နေပြီးကားကလည်းစက်နှိုးနေပြီမို့ နောက်ခန်းကိုမပြောင်းတော့ဘဲ ဆက်ထိုင်နေလိုက်သည်။
၆လတာခွဲခွာနေခဲ့ရပေမယ့် သူနဲ့ပတ်သတ်သမျှအရာတိုင်းက စိမ်းသက်မသွားဘဲ အသားကျနေပြီးသားဖြစ်နေခဲ့တာမို့ ဒီလူသားကို လုံးဝမေ့ဖျောက်နိုင်ဖို့ အချိန်ဘယ်လောက်ကြာကြာယူရမလဲမတွေးတတ်တော့ပေ။
" hyung "
ကားစက်နှိုးပြီးတန်းမထွက်သေးဘဲ ကျွန်တော့်ဆီကို mint choco ဘူးလေး လှမ်းပေးသည်။အရင်ကလည်း အလုပ်ဆင်းတဲ့အချိန် နေ့တိုင်းတော့မဟုတ်ပေမယ့် သူလာကြိုတဲ့ရက်တွေဆို mint choco တစ်ဘူးအမြဲ၀ယ်လာတတ်ပြီး ကျွန်တော်သောက်လို့ တစ်၀က်လောက်ရောက်ရင် သူက အမြဲလုသောက်တတ်သည်။
အဲဒီအခါ ကျွန်တော်ရန်တွေ့ရင် ကားကိုလမ်းဘေးမှာခဏရပ်ပြီး mint choco အနံ့လေးစွဲကျန်နေတဲ့နှုတ်ခမ်းတွေနဲ့ ရန်တွေ့နေတဲ့ကျွန်တော့်ရဲ့နှုတ်ခမ်းတွေရပ်တန့်စေမည်။
အနမ်းတွေကိုတော့သဘောကျပေမယ့် ကျွန်တော့်ရဲ့ မင့်ချိုကို တစ်ခွက်လုံးကုန်အောင်မသောက်ရတာကိုတော့ စိတ်ထဲမှာအလိုမကျပေ။
YOU ARE READING
Kintsugi
Fanfictionကိုယ်တို့ ဂျပန်ရိုးရာမှာ ကွဲသွားတဲ့ပန်းကန်တွေကို ရွှေနဲ့ပြန်ဆက်ကြတဲ့ အလေ့အထတစ်ခုရှိတယ်။ အဲဒီအလေ့အထကို Kintsugi (golden joinery) or Kintsukuroi ( golden repair ) လို့ခေါ်ကြတယ်။ အဲလိုရွှေနဲ့ပြန်ဆက်လိုက်ခြင်းအားဖြင့် ကွဲအက်နေတဲ့အက်ကြောင်းရာတွေက အရုပ်ဆ...