(1)💘

331 30 6
                                    

သင်းမြမြစံပယ်ပန်းတွေကို ခြံထဲတွင်နေရာအနှံ့စိုက်ပျိုးထားတဲ့ ဒီဒေသလေးကို
ရှောင်းကျန့်မခွဲချင်ပါပဲ သူခွဲရတော့မယ်လေ။
''ဘွားဘွား.. ကျွန်တော်မြို့ကိုသွားရတော့မယ်။ဘယ်အချိန်မှပြန်လာနိုင်မယ်ဆိုတာ
အတိအကျမသိဘူး။
ပြီးတော့ ကျောင်းကတော့ အလုပ်လုပ်ရင်းပဲ ဆက်တက်ဖြစ်အောင် ကြိုးစားသွားမှာပါ။ဘွားဘွားကသာ ကျန်းမာနေအောင်နေရမယ်နော်။''

''ကျန့်အာလေး...ဘွားကမြေးလေးကို
စိတ်ချပါတယ်။''

ပါးရေနာရေတွေတွန့်နေတဲ့ လက်တစ်စုံက
ရှောင်းကျန့်ရဲ့ခေါင်းလုံးလုံးလေးကို သူမရဲ့ရင်ခွင်ထဲမှာပွတ်သပ်ပေးနေရင်း ရှောင်းဘွားဘွားက သူမအားစိတ်ချစေရန်ပြောနေပေမဲ့ ရှောင်းကျန့်ကတော့ ငိုမဲ့မဲ့လေးဖြင့်ပါ။

''ဘွားဘွား..ကျွန်တော်နဲ့မြို့ကိုလိုက်ခဲ့ပါလားဟင်။''

''ဘွားကမွေးရပ်မြေကိုမခွဲနိုင်ဘူးလေ..ကျန့်အာလေးရဲ့။မြေးလေးသာ ကျောင်းကိုတက်ဖြစ်အောင်တက်ပါနော် ဘွားကမြေးလေးအတွက် ဒီကဒ်လေးပေးလိုက်မယ်
မြေးလေးကလက်ခံပေး။''

သူမရဲ့အင်ကျီအိတ်ကပ်ထဲကနေ သစ်လွင်နေတဲ့ ဘဏ်ကဒ်လေးတစ်ခုက သူမလက်ထဲသို့ပါလာခဲ့ပြီး ရှောင်းကျန့်ရဲ့လက်ဖဝါးလေးထဲသို့ လွှဲပြောင်းပေးလာတော့သည်။

''ယူလိုက်ငါ့မြေးလေး...ဘွားက နည်းနည်းပါးပါးစုဆောင်းထားရုံပါ။
မြို့မှာ ငါ့မြေးလေးက အခက်အခဲမဖြစ်ရလေအောင် ဘွားကကြိုပြီးပြင်ဆင်ပေးထားတာ။''

''ဘွားကိုကျွန်တော်စိတ်မချဘူး မြို့ကိုအတူခေါ်တော့လည်းမလိုက်တော့ ခက်သား။''

သူတို့မြေးအဘွားကိုကြည့်ပြီး ယွဲ့ယွဲ့မှာ
သက်ပြင်းမောကိုသာချလိုက်လေတယ်။

''ဟူး..''
'အကိုလေးနဲ့တော့ခက်ပါရဲ့'

''အကိုလေး ဒီနေ့မြို့ကိုရော ရောက်ပါတော့မလား။ဘွားကိုစိတ်ချလက်ချထားခဲ့လို့ရပါတယ်နော် ယွဲ့ယွဲ့က စောင့်ရှောက်ပေးနေတာပဲဟာ ဘာမှနောက်ဆံတင်းမနေနဲ့တော်ကြာ ကားချိန်မမှီပဲနေမယ်။''

သူမရဲ့စကားကိုကြားမှပဲ ရှောင်းကျန့်မှာ
သူ့လက်ထဲမှနာရီအား ကြည့်မိလေတော့တယ်။
''ဟုတ်သားပဲ'' ကားကနောက်ဆုံးကားအချိန်ပင်ရောက်တော့မယ် သူတို့နေတဲ့မြို့ငယ်လေးက နည်းနည်း ခေါင်တာကြောင့် ကားကများများစားစားမရှိလှ။

သီးသန့်ဖြစ်တည်မှု့ 💘Where stories live. Discover now