(3)💘

59 9 2
                                    

5 years latter...ပေကျင်းမြို့

အချိန်သည် ညရှစ်နာရီအတိ...
ကားလမ်းပေါ်တွင် အလုပ်ခွင်မှအိမ်သို့ပြန်နေကြသည့် လုပ်သားဝန်ထမ်းများကြား
ရှောင်းကျန့်ဆိုတဲ့လူသားလေးကပါ ရောနှောပါဝင်နေလေရဲ့။

သူဌားနေတဲ့တိုက်ခန်းငယ်လေးဆီပြန်လာတဲ့လမ်းကတော့ အမှောင်ရိပ်ကျလှသည်။
ဒါကြောင့် အိမ်ပြန်လေတိုင်း ရှောင်းကျန့်မှာလက်နှိပ်ဓာတ်မီငယ်တစ်လတ်ကိုဆောင်ယူလာလေ့ရှိပြီး သတိနဲ့ပြန်နေကြပါ။

ဒီနေ့တော့ သူအိမ်ပြန်ချိန်ဟာအရင်ကထက် ပိုနောက်ကျခဲ့တယ်။
အကြောင်းမှာမူ..သူ့bossရဲ့ မွေးနေ့ပါတီကြောင့် ခုလိုနောက်ကျရခြင်းပင်။

အခန်းထဲကိုရောက်ရင်ပဲ..ဘေးလွယ်အိတ်ကိုဆိုဖာပေါ်ပစ်တင်လိုက်ပြီး..
ဟူး..ဟူ၍သက်ပြင်းမောကိုချကာ.''ဘယ်အချိန်တောင်ရှိပြီလဲမသိဘူး
ဟိုကောင်လုဖေး ပြန်သွားလောက်ပြီထင်တယ် Rs တွေများရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ တတ်လည်းတတ်နိုင်ကြတယ်။
ငါပဲကောင်းတယ် အချိန်တန်အလုပ်သွား
ပြီးရင်ဝါသနာပါတဲ့ပန်းချီလေးဆွဲ စားချင်ရာကိုချက် ဘဝကစိုပြေနေရောပဲ။ဘာအပူအပင်မှကိုမရှိဘူး။''

ထိုစဥ်သူ့ရဲ့ခြေထောက်နားကိုရောက်လာတဲ့ ကြောင်လေးတစ်ကောင်...

''မြှောင်..မြှောင်''

''ဗိုက်ဆာနေပြီလား..ပါးရဲ့သမီးလေးက
ခဏစောင့်နော် စားစရာပြင်ပေးမယ်။
ok..''

''မြှောင်...''

ကျင်ကော်လေးရဲ့မြှောင်အသံကြောင့်
ရှောင်းကျန့်ပြုံးရင်းနဲ့ပဲ မီးဖိုခန်းရှိရာသို့ဝင်သွားလေရဲ့။
ထို့နောက် ရေခဲသေတ္တာထဲမှ ငါးစည်သွတ်ဗူးကိုထုတ်ယူလိုက်ပြီး ကြောင်စာပန်းကန်လေးထဲသို့ သေချာထည့်ပေးလိုက်သည်။

''ပါးရဲ့ကျင်ကော်လေးရေ..စားလို့ရပြီနော်
သုံးဆောင်ပါသခင်မလေးဗျ။''

''မြှောင်..''

''ပါးရေချိုးလိုက်ဦးမယ် စားပြီးရင်ဆော့မနေနဲ့တော့နော်စောစောအိပ်တော့ကျင်ကော်။''

''မြှောင်...''

''ဟုတ်ပါပြီ..စား..စား။''

ရှောင်းကျန့်ရေချိုးခန်းထဲဝင်သွားတဲ့အချိန်
အခန်းလေးထဲသို့ အရိပ်တစ်ခုက ဝင်ရောက်လာခဲ့သည်။

သီးသန့်ဖြစ်တည်မှု့ 💘Where stories live. Discover now