Part 17

913 84 3
                                    

ကုမ္ပဏီကနေ ခေတ်အိမ်ကိုပြန်ရောက်လို့ရေချိုးပြီးချိန်..အခန်းထဲကိုဝင်လာပြီးကုတင်ပေါ်မှာလာလှဲအိပ်နေသည့်တီချယ့်ကြောင့် အဝတ်အစားအမြန်ဝတ်ကာ

"မောင့်ရဲ့ဇနီးလေး.ဘာဖြစ်နေတာလဲ.နေမကောင်းဘူးလား"ဟုမေးလိုက်ရာ

"မဟုတ်ပါဘူး...စိတ်ရှူပ်လို့အပြင်သွားချင်တယ်လိုက်ပို့ပါလား" ဟု ပြောလာသူကြောင့်

"ဘာစိတ်ရှုပ်စရာရှိလို့လဲ..မောင့်ကိုပြောလေ..မောင်စိတ်ပူနေပြီသိလား"

လှမြတ်ကိုစိတ်ပူနေသည့်သူ့ကို..ဘာပြန်ပြောရမလဲမသိပေ..အမှန်တော့ အိမ်ထဲမှာပဲနေရလို့စိတ်ရှုပ်နေခြင်းဖြစ်သည်...လူကြီးတွေကလည်းအစိုးရိမ်ကြီးပြီး..လှမြတ်ကိုဂရုစိုက်နေခြင်းကြောင့်စိတ်ရှုပ်ရသည်..ဒါကြောင့်အပြင်မှာလေကောင်းလေသန့်ရှူပြီး.ညနေဘက်အင်းလျားမှာလမ်းလျှောက်ထွက်ချင်သည်..

"အပြင်သွားချင်တယ်..လိုက်ပို့မှာလား မပို့ဘူးလား..အခုပြော" ဟု လွင်ဘုန်းခေတ်ကိုအော်လိုက်လေသည်..

"မရဘူးလေ...လူကြီးတွေဆူတာခံရမှာပေါ့"

"ဘာလဲ..ရှင်က ကျွန်မနဲ့လမ်းလျှောက်ရမှာရှက်လို့လား...ကျွန်မကမွေးခါနီး.ဖွားခါနီး ကိုယ်ဝန်သည်တစ်ယောက်ဆိုတော့ ရှင်ကကျွန်မနဲ့လမ်းဘယ်လျှောက်ချင်ပါ့မလဲ" ဟု ထေ့ကာငေါ့ကာပြောလာသူကို သူ့ဆန္ဒအတိုင်းလိုက်ပို့ရတော့မည်ဖြစ်သည်..

"လိုက်ပို့ပေးမယ်.လမ်းလျှောက်တဲ့အခါမောင့်လက်ကိုတွဲထားရမယ်နော်.."

"စိတ်ချ..မောင့်လက်ကိုလုံးဝမလွှတ်ဘူး...မောင့်ကိုလိုက်ကြည့်တဲ့ကောင်မလေးတွေလည်းဘေးမှာပိုင်ရှင်ရှိတော့လိုက်ကြည့်တော့မှာမဟုတ်ဘူး"

"ဟုတ်ပါပြီဗျ...အခုတော့ကားပေါ်ကနေသွားစောင့်နေမယ်...တီချယ့်မေမေလစ်တာနဲ့..အိမ်ထဲကထွက်လာခဲ့တော့...ပြန်ရောက်မှပဲအဆူခံတော့မယ်"

"အင်း...ရွှတ်" ဆိုပြီးပါးကိုနမ်းသွားသည့်တီချယ်ကြောင့်..ခေတ်မှာပါးစပ်အဟောင်းသားနှင့်ဘာမှပြန်မပြောနိုင်ပဲ..ကျန်ခဲ့ရသည်..

******
မေမေလစ်တာနဲ့လှမြတ်လည်းအိမ်အပြင်အမြန်ထွက်ပြီး..ကားထဲမှာစောင့်နေသည့် လွင်ဘုန်းခေတ်ဆီထွက်လာခဲ့သည်..

နင်သာရှိရင်Where stories live. Discover now