🌺🌺

839 62 21
                                    

"Sam လာပြီဟေး..."

ကိုယ့်ကို ခပ်ဝေးဝေးကနေ လှမ်းတွေ့လိုက်တယ်ဆိုရင်ပဲ
ကလေးလေးတွေက အပြေးအလွှားလာကြိုကြတယ်...
ကားနောက်ခန်းက အရုပ်တွေနဲ့ မုန့်ထုပ်တွေကို
ထုတ်တော့ ကောင်ငယ်လေးကို သတိရမိတယ်။
ဘယ်ချိန်မဆို ရှေ့ဆုံးကနေ အထုတ်တွေအားလုံး
သူချည်းသယ်ပေးပြီး ဆီကြိုးတတ်သူပါပဲ...
ဟိုး စတွေ့တည်းက ပေါ့ ခုတော့ ကလေးတွေက
အထုတ်တွေ နည်းနည်းဆီ ဝိုင်းသယ်ပေးကြပါတယ်...

"အရာအားလုံး ပြောင်းလဲနေပြီ ဂျင်
မင်းရယ် ငါ့ခံစားချက်တွေရောပေါ့ မင်းမရှိတဲ့
လေးနှစ်အတွင်း ငါသိခဲ့ရတာက
မင်းကို နက်နက်ရှိုင်းရှိုင်းချစ်မိနေတာကိုပါ
ငါ မင်းကိုချစ်မိနေပြီဂျင် ပြီးတော့
ငါမင်းကို အရမ်းလွမ်းတယ် ဂျင်"

ဂျောင်ကု ဂေဟာဘေးက ချယ်ရီပင် ကြီးကိုငေးရင်း
ခပ်တိုးတိုးရေရွတ်နေမိသည်...

"Sam ဒါ ချောကလက်တွေမလား"

"ဟုတ်ပါ့ဗျာ"

"ဟေး ချောကလက်တွေ အများကြီးပါတယ်ဟေး"

ကလေးတွေက ချောကလက်အတော်ကြိုက်တယ်
ဂျင်ကတော့မကြိုက်...
အင်းလေ ဂျင်ကကလေးမှမဟုတ်ပဲ

*********

"ဒီနေ့ ဘာလို့ ပဲခေါက်ဆွဲလာမစားတာလဲ ဂျင်"

​ဂျောင်ကု ကမေးရင် ဂျင်ထိုင်နေတဲ့
ချယ်ရီပင်အောက်က ခုံတန်းလေးမှာ ဝင်ထိုင်လိုက်သည်
ဂျင်ကတော့ ဆွဲလက်စ ပန်းချီကို ဆက်ဆွဲနေတုန်းပါပဲ

"ဂျင်"

ဂျင် လှည့်ကြည့်တယ်
ဒါပေမယ့် မျက်နှာ မကောင်း

"ဂျင် တခုခုဖြစ်လို့လား မျက်နှာမကောင်းဘူး
မှန်းစမ်း နေများ မကောင်းတာလား"

ပြောရင်း လက်က ဂျင့် နာဖူးဆီစမ်းမိသည်
ဒါကိုပဲ ဂျင်က ရှောင်ဖယ်ရင်း...

Jin's Sam....🌻Where stories live. Discover now