( Unicode) Chapter 4

598 76 6
                                    




Fourth ပြန်သွားတာနဲ့ Gemini အပြင်ထွက်ဖို့အတွက်သာပြင်ဆင်လိုက်တော့သည်။ သူအလုပ်ရှာပြီးတော့ Fourth ရဲ့ ပိုက်ဆံတွေကိုပြန်ပေးချင်တယ်လေ။ သူ Fourth ဆီကနေဘာကိုမှမလိုချင်ပါဘူး။ ဒါ့အပြင် လူတွေကသူ့ကိုရွှေတူးသမားဆိုပြီးပြောဆိုကြမှာကိုလည်းသူမလိုချင်ပါ။

ရုတ်တရက်ပဲတံခါးခေါက်သံကိုကြားလိုက်ရတာကြောင့် " လာပြီ " ဆိုပြီး တံခါးခေါက်နေတဲ့သူကစိတ်မရှည်ဟန်ကိုပြနေတာကြောင့် သူအမြန်ပြေးကာတံခါးကိုဆွဲဖွင့်လိုက်ရတော့သည်။

တံခါးဆွဲဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက်ပဲ သူ့အရှေ့မှာလူလတ်ပိုင်းအမျိုးသမီးနဲ့အရက်သမားစုံတွဲတစ်တွဲကိုမြင်လိုက်ရတော့သည်။

" ဟယ်လို အချစ် "

" အဖေနဲ့အမေဒီကိုဘာလာလုပ်တာလဲ? " ဆိုပြီး Gemini သူ့မိဘတွေကိုမေးလိုက်တော့ " အိုး! အချစ်....ငါတို့ကမင်းအဆင်ပြေရဲ့လားဆိုတာကိုလာကြည့်ကြတာလေ "
အခုချိန်မှာသူမတစ်ယောက်တည်းကသာစကားပြောနေတဲ့သူဖြစ်ပြီး သူ့ခင်ပွန်းကတော့မတ်တပ်ရပ်ဖို့တောင်အနိုင်နိုင်ကြိုးစားနေရတော့သည်။

" လိုရင်းပဲပြောလိုက်ပါ! "
အမှန်ဆိုရင်သူတို့ဘာပြောမလဲဆိုတာကိုသိနေတယ်ဆိုပေမယ့်လည်း မတူတဲ့စကားမျိုးပြောလာဖို့ကိုသူမျှော်လင့်နေမိတုန်းပဲလေ။

" ငါတို့အကြွေးကိုအချိန်မှီဆပ်ဖို့အတွက်ပိုက်ဆံနည်းနည်းလိုနေလို့ " ဆိုပြီး သူမက Gemini အရှေ့ကိုလက်ဝါးဖြန့်ပြကာပြောလာတော့သည်။

" ဒါပေမယ့် ကျွန်တော်အရင်အပတ်ကပဲတစ်သောင်းပေးလိုက်တယ်လေ....အဲ့ပိုက်ဆံတွေကဘယ်ရောက်ကုန်တာလဲ? ဘာလို့အကြွေးမဆပ်ရတာလဲလို့! " ဆိုပြီး Gemini မေးလိုက်တော့သည်။

" တစ်သောင်းနဲ့ဘယ်လိုလုပ်လောက်မှာလဲ? အခုအဲ့ထက်ပိုပေး မဟုတ်ရင်အကြွေးရှင်ကငါတို့ကိုအရှင်လတ်လတ်မီးရှို့လိမ့်မယ်! "

" ကျွန်တော့်မှာလည်းပိုက်ဆံမရှိဘူးအမေ! ကျေးဇူးပြုပြီး အမေလောင်းကစားကိုရပ်လိုက်လို့ရမလား! အဖေရောပဲ အရက်စွဲနေတာကိုရပ်လိုက်ပါတော့......ပိုက်ဆံကရှာရတာမလွယ်ဘူးဆိုတာကိုသိရဲ့လား! " ဆိုပြီး Gemini ဒေါသတကြီးနဲ့ပြန်ပြောလိုက်တော့သည်။

Salty Daddy And His Sugar Baby (Myanmar Translation)Where stories live. Discover now