Unicode
ကျွန်တော့ အရှေ့မှာရှိတဲ့မျက်ဝန်းတစုံထံ နှစ်မြုတ်ရင်း အဲ့ဒီအခိုက်အတန့်မှာပဲ ပူနွေးတဲ့ နှလုံးသားဆီကနေတဆင့် ကမ္ဘာတခုလုံးကိုလွမ်းမိုးေလာက်တဲ့ သံစဉ်တချို့ စည်းချက်ကျကျ မြည်းဟိန်းနေလေရဲ့။
ကျွန်တော့လက်ထဲက စံပယ်တွေလို့ ဖြူစင်တဲ့ အလေးချိန်သေးသေးလေးကို ငုံကြည့်မိတော့ ထိုသူရဲ့လက်သူကြွယ်ထက်မှာ တောက်ပနေတဲ့ ကျွန်တော့အနာဂါတ်လေးကို တွေလိုက်ရတယ်။ သူနဲ့စုံစည်းခွင့်ရခဲ့တာဟာ သံသရာအဆက်ဆက်က ကောင်းမှုတွေကြောင့်ဖြစ်မယ်။ပထမဆုံးကျောင်းတက်ရက်။
ဒီနေ့က ကိုးတန်းအတွက် ပထမဆုံး ကျောင်းတက်ရက်လေ။ကျောင်းရှေ့လမ်းတလျှောက် စိန်ပန်းနီတွေက ဝေနေပြီး လမ်းတယောက်အနီရောင်ကောဇောခင်းထားသလို။ ကျောင်းသားအများစုက စကားတပြောပြော၊ ပြေးလိုက်ခုန်လိုက်၊ ဆော့လိုက် မြူလိုက်ဖြင့် ပတ်ဝန်ကျင်တခုလုံး ငယ်ရွယ်သည့် လူငယ်များကြောင့် လန်းဆန်းတက်ကြွမှုတို လွှမ်းခြုံလျှက်။ကျွန်တော့်ဘေးမှ သကောင်သားဟာ မနေ့က ချိန်းပွဲအကြောင်း လက်ထဲမှ ဘောလုံးကို ဆော့ရင်းပြောနေလေသည်။
စိန်ပန်းနီတွေခင်းထားတဲ့ ကျောင်းအဝင်လမ်းမှာ ကျွန်တော့်ရဲ့ရှေ့က သမင်လည်ပြန်လှည့်ကြည့်လာတဲ့ ကောင်လေးကြောင့် ပုံမှန်မဟုတ်သည့် နှလုံးခုန်နှုန်းကိုစတင်ခံစားမိခဲ့သည်။
"တရားမျှလွတ်လပ်ခြင်းနဲ့မသွေ"
"ဒို့ပြည်၊ဒို့မြေ!!"(သံပြိုင်)
...
နိုင်ငံတော်သီချင်းသံဟာ ကျောင်းရှေ့ဘက်မှ စုဝေးကွင်းတွင်ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တခုလုံး ကျောင်းသား၊ကျောင်းသူတွေ၏ သီဆိုသံခြုံလွှမ်းလျှက်။ ကျွန်တော့်အရှေ့ဘက် လူတယောက်သာခြားသည့် နေရာတွင် ရပ်နေသည့် ထိုကောင်လေးမှာ ကျွန်တော်နှင့် အခန်းတူပါပေသည်။
မူကြို့မှပင်စ၍ နှစ်စဉ် မြို့တွင် တကျောင်းတည်းသော အ၊ထ၊က မှ ကျောင်းသားဖြစ်ခဲ့ပြီး Aခန်း၌ စာတော်သောကျောင်းသားအဖြစ်နေကာ အဆင့်၁ယူခဲ့သည်။ ယခုနှစ်တွင်လဲ သူ့နေရာအား တခြားကျောင်းမှဝင်လာသူများကြား ယှဉ်ရပေမည်။
YOU ARE READING
တခါက စိန်ပန်းတို့ရှိရာ
Romanceညဉ့်ဦးယံ×မင်းခန့်မော် စိန်ပန်းနီတွေခင်းထားတဲ့ ကျောင်းအဝင်လမ်းမှာ ကျွန်တော့်ရဲ့ရှေ့က သမင်လည်ပြန်လှည့်ကြည့်လာတဲ့ ကောင်လေးကြောင့် ပုံမှန်မဟုတ်သည့် နှလုံးခုန်နှုန်းကိုစတင်ခံစားမိခဲ့သည်။ ကျောင်းသားဘဝအချစ်ဇာတ်လမ်းတိုလေးပါ။အဲ့တော့ဟိုလိုဒီလိုပါမှာမဟုတ်လော...