11

1K 86 5
                                    

Just Being Friendly

" အဲ့ဒီ့ ​ကောင်မ​​လေးနဲ့မကြိုက်လိုက်နဲ့​နော် "

ဟင် ?

မှုန်ဝါးဝါးအရိပ်​ယောင်​တွေနဲ့ သူ့အသံသူပြန်ကြားလိုက်ရပြီး Fourth အိပ်​နေရာမှလန့်နိုးလာခဲ့သည်။
ညက သူ Gemini နဲ့စကား​ပြောခဲ့​သေးတာလား ..
တစ်ကယ်ပဲ အရက်ကလူ​တွေကိုပျက်စီး​စေတာပဲ
သူဘာတစ်ခုမှ မမှတ်မိ​တော့ပြန်ဘူး။

" နိုးပြီလား အမူးသမား​​လေး "

" P'Mark "

ထပ်ပြီး သူမဟုတ်​နေပြန်ဘူး။
Ai' Fourth မင်းဘယ်သူ့ကိုရှိဖို့​မျှော်လင့်​နေတာလဲ

" ​မြန်မြန်ထ သွားစရာရှိတယ် " 

" ဘယ်လဲ ကျွန်​တော်အခုထိအရက်နာကျတာမ​ပျောက်​သေးဘူး​နော် ပိုပင်ပန်း​အောင်လုပ်မယ်ဆိုအခုထဲကငြင်းတယ် "

ရင်ဘတ်ထဲက တစ်စို့တစ်စို့ဖြစ်​နေတာကြီးကို​ပျောက်​အောင်မလုပ်နိုင်​သေးတာမို့ ပင်ပန်း​စေတဲ့ခရီးဖြစ်​နေမှာစိုး၍ သူကြိုတားလိုက်ခြင်းဖြစ်သည်။

" အဲ့လိုမဟုတ်ဘူး Gemini အိမ်ကိုသွားမှာ
ဧည့်သည်​ရောက်​နေတယ်​ "

ဟို Love ဆိုတဲ့​ကောင်မ​လေးပဲ​​နေမှာ
သူ​​တော့မ​တွေ့ချင်ပါ။အစကတည်းက​ခေါင်းကလဲသိပ်မကြည်​နေတာမို့မလိုက်သွားဖို့ပဲဆုံးဖြတ်ချက်ချလိုက်သည်။

" သူက​နေကြာခင်းသွားကြည့်ချင်လို့တဲ့ ငါတို့ကိုပါလာခိုင်း​နေတာ "

" ငါတို့ ? ဘာကို​ပြောတာလဲကျွန်​တော်နဲ့သူကအဲ့​လောက်ခင်ကျတဲ့ဆက်ဆံ​ရေးမှမဟုတ်တာ "

" သူ​ပြောတာက​တော့ သူမင်းဆီကအကူအညီ​တောင်းစရာ​ရှိတယ်တဲ့ မြန်မြန်ပြင်ထားကွာ
အရမ်းကြီးခက်ခဲတဲ့ကိစ္စမဟုတ်ရင်လဲကူညီလိုက်​ပေါ့ ငါလမ်းထိပ်မှာခေါက်ဆွဲသွားဝယ်အုန်းမယ် "

Fourth ဆူပုတ်ပုတ်က​လေးနဲ့သာအပြင်သွားဖို့ပြင်ဆင်လိုက်ရ၏။စိတ်ကလဲမိုးလင်းကတည်းက ဘာမှကိုအလိုမကျဖြစ်​​​နေလျက်။
မျက်စိ​အေး​​​စေတဲ့ရှပ်အပြာလေးနဲ့ Pant အပွ​လေးဝတ်လိုက်ပြီး ​ခေါင်းကိုနှစ်ချက်​လောက်ဖိသပ်လိုက်သည်။

Just Being FriendlyWhere stories live. Discover now