Heedo:Seung ဘယ်သူလဲ အသိလား
Heeseung:ကျွန်တော့်အသိမဟုတ်ဘူးရယ် သတိမေ့နေတာ ကျွန့်တော်အခန်းထဲခေါ်သွားလိုက်မှာမလို့ Hyungက Doctor ဆီ ဖုန်းဆက်ပေးနော်
Heedo:ကောင်းပြီ SeungDoctor Min:လူနာက မိုးရေထဲမှာနေတာကြာသွားလို့ အဖျားကြီးပြီး သတိလစ်သွားရုံပါ မတရားကြီးမစိုးရိမ်ရပါဘူး ခဏနေရင်ဘဲသတိရလောက်ပါတယ်
Heeseung:ဟုတ်ကဲ့ ကျေးဇူးပါ Doctor
Doctor Min:ရပါတယ်ဗျ
Heedo:Driver Jungရေ လိုက်ပို့ပေးလိုက်အုံး Doctorကို
Heeseung:Hyung ဆန်ပြုတ်လေးပြုတ်ပေးပါ့လား
Heedo:အော်...အင်းJakeတယောက် ခေါင်းတွေကအရမ်းကိုက်နေပြီး ကိုယ်တွေလက်တွေလည်း နာကျင်ကိုက်ခဲစွာနဲ့ နိုးထမိလေတော့တယ် အစိမ်းသက်သက်ဖြစ်နေတဲ့ အခန်းထဲရောက်နေလေရဲ့ သူမှတ်မိသလောက်ဆိုရင် jayရဲ့ အိမ်ကနေ အမြန်ပြေးထွက်လာတယ် ပြီးတော့ မိုးရေထဲမှာ ရပ်ထားမိတဲ့ကားဆီကိုအသွား jayတို့လမ်းထိပ်မှာ ရုတ်တရက် အမြန်မောင်းလာတဲ့ကားတစီး ဟုတ်တယ် သူအဲ့လောက်ဘဲ မှတ်မိတယ် ကားနဲ့မတိုက်မိတာတော့ သေချာတယ် ဒါဆိုဒါက ကားပိုင်ရှင်ရဲ့ အိမ်များလား
တွေးလို့မှ မဆုံးသေးဘူး ပွင့်လာတဲ့တံခါးနဲ့အတူ မြင်လိုက်ရတဲ့ထိုလူသားJake:ဟင်.....Lee Heeseung
Heeseung:ဟုတ်ပါတယ် ကိုယ်က lee heeseungပါ ဒါနဲ့ကိုယ်က မင်းကိုမတိုက်မိဘူးနော် မင်းဘာသာမင်း ကိုယ့်ကားရှေ့ရောက်တာနဲ့ လဲသွားတာ
Jake:ဟုတ်ကဲ့ ကျွန်တော်သိပါတယ် မတိုက်မိတာကို
Heeseung:အဲ့ဒါဆိုလည်းပြီးတာဘဲ ဒါနဲ့လာ
ထ ဆန်ပြုတ်သောက်ရအောင်
Jake:အာ....အားနာစရာကြီး မလိုပါဘူး ရပါတယ်ဗျ
Heeseung:မင်းအားရှိမှဖြစ်မှာ လာပါ
Jake:ဟုတ်At Dining Room
Heedo:လာ ထိုင်ကြ
Heeseung:ထိုင်နော်
Jake:aww မိတ်မဆက်ရသေးဘူးဘဲ ကျွန်တော်နာမည်က sim jakeပါ jakeလို့လည်းခေါ်ပါတယ်
Heedo:Lee Heedoပါ
Heeseung:ကိုယ့်ကိုတော့ သိပုံပါဘဲ ဒါနဲ့ တခုလောက်မေးလို့ရမလား Sim jake shi
Jake:ဟုတ် ရပါတယ် ပြီးတော့ jakeလို့ဘဲ ခေါ်ပါ
Heeseung:Jongseongie...jayနဲ့ ရင်းနှီးတာလား
Jake:ဟုတ်ကဲ့ Aussie မှာတုန်းက ကျောင်းအတူတူတက်ခဲ့တာပါ ဒါနဲ့ Heeseung shiက ဘယ်လိုလုပ်သိတာလဲဗျ
Heeseung:Jay ပြောဖူးတယ် သူ Aussie ရောက်တော့ သူငယ်ချင်းတယောက်ထပ်ရတယ်တဲ့ ပြီးတော့ မင်းတို့အကြောင်းလေးတွေ စပ်မိစပ်ရာလေးတွေပြောပြတတ်တယ် မိတ်ဆက်ပေးမယ်လဲပြောဖူးတယ်
Jake:ကျွန်တော်လည်း Heeseung shiနဲ့ မိတ်ဆက်ပြီး ပြောပြချင်တာတွေရှိနေတာပါဗျ
Heedo:ကဲပါ စကားကိုပြီးမှပြောကြ မြန်မြန်စားကြ ကလေးတွေ
YOU ARE READING
Narcissus
Romanceအချစ်ဆိုတာ ပိုင်ဆိုင်ရမှ မဟုတ်ဘူး သူပျော်တာမြင်ရုံနဲ့ ကိုယ်ပါပြုံးမိရင်လည်းအချစ်ဘဲ Heeseung ငါက မင်းအတွက် ဘယ်လိုဖြစ်တည်မှုမျိုးလဲ မင်းက ငါ့အတွက်တော့ ခရမ်းရောင်lilacလေးဘဲ Jay သိပ်ချစ်ရင် ဒီလိုနာကျင်ရတာလား နာကျင်ရမယ်ဆိုရင်တောင် ကျွန်တော့်အနေနဲ့ နောက...