အခန်း {၁}

5.9K 531 44
                                    

နားလည်ရခက်တဲ့မိန်းမတွေက ကြောက်ဖို့ကောင်းတယ်တဲ့။ သျှင့်လိုမိန်းမမျိုးပေါ့။ သျှင့်ရဲ့စိတ်က ဝင်္ကပါလိုပဲ ခက်မှန်းရသိပ်ခက်တယ်။ သျှင်နဲ့ပတ်သက်ပြီး သတိထားမိတာတစ်ခုက သျှင်က အဆိပ်ပြင်းတဲ့မြွေဟောက်နဲ့တူတယ်။ သျှင့် စူးရှရှအကြည့်နဲ့တင်တစ်ဖက်လူအသက်ပါလောက်အောင် အန္တရာယ်များလွန်းတယ်မလား။ ထိုစူးရှရှမျက်ဝန်းလေးတွေက သိပ်လှလွန်းလို့လေ။ သိပ်ကိုလှရက်လွန်းသည့် မီးခိုးရောင်သန်းနေတဲ့မျက်ဝန်းကို သျှင်ဟာပိုင်ဆိုင်ထားတယ်။

ပြီးတော့ အဲ့မျက်ဝန်းလှလှလေးဟာ အမြဲရန်လိုနေတယ်။ ဒါပေမဲ့ သိပ်ကိုဆွဲဆောင်မှုရှိလွန်းတာမို့ သျှင့်မျက်ဝန်းတွေကနေအကြည့်လွှဲဖို့မတက်နိုင်ကြဘူး။ သျှင့်ရဲ့တခြားသော အလှတရားတွေမခံစားနိုင်ခင်သေးမှာပဲ ထိုမီးခိုးရောင်သန်းနေတဲ့မျက်ဝန်းလှလှလေးအောက်မှာ ဒူးထောက်ကြရတယ်။ ဒီလိုမိန်းမက ကြောက်စရာမကောင်းလွန်းလှဘူးလား။

သျှင်က ဘယ်လိုမိန်းမမျိုးလဲမေးရင် သျှင်ဟာဝင်္ကပါလိုမိန်းမလေ။ သိပ်ကိုကြောက်စရာကောင်းတဲ့မိန်းမလို့ပဲ သတ်မှတ်ချင်မိတယ် သျှင်ရယ်။

...

အပြင်ဘက်ကကြည့်လိုက်လျှင် အတွင်းထဲလှမ်းမြင်နေအောင် နှစ်ဖက်မြင်မှန်သားအများအပြားသုံးထားသည့် ဆိုင်လေး။ Welcome ဆိုသည့် သစ်သားဆိုင်းဘုတ်လေး တပ်ထားသည့်ဝင်ပေါက်တံခါးဝကအစ မှန်အကြည်ကိုသုံးထားလို့နေသည်။ ဒီဆိုင်လေးက ဖြတ်သွားဖြတ်လာလုပ်သူမှန်သမျှ စိတ်ထဲကြည်လင်သွားစေမှာအမှန်ပင်။ ဘာကြောင့်လဲဆိုလျှင် အပြင်ကနေကြည့်ရင်တောင်မြင်နေရသည့်လှပတဲ့ပန်းမျိုးစုံ အလှကြောင့်ပေါ့။

ဆိုင်ထဲဝင်လိုက်သည်နှင့် မိန်းကလေးတွေအဖို့ စိတ်ကိုပျော်ရွှင်သွားစေမှာအမှန်ပဲ။ ဒါပေမဲ့ ကပ်ထားတဲ့ဈေးနှုန်းတွေကလည်း နည်းတဲ့ထဲပါသည်မဟုတ်တော့ တော်ရုံဆိုဝယ်ကြမည်မဟုတ်ပေ။ သို့သော် ဒီဆိုင်လေးက အမြဲလူအဝင်အထွက်ရှိနေသည်လေ။ ဝန်ဆောင်မှု အတော်ကောင်းပြီး တောင်းဆိုသမျှပုံစံကိုဖြစ်အောင်လုပ်ပေးတယ်လို့လည်းကြားထားသည်။ အထူးသဖြင့် ရှားပါးသည့် ပန်းအမျိုးစားတွေကအစ ဒီဆိုင်မှာရတယ်ဆိုပဲ။

You've reached the end of published parts.

⏰ Last updated: Apr 20 ⏰

Add this story to your Library to get notified about new parts!

သျှင်Where stories live. Discover now