ခါအီတစ်ယောက် မနက်အစောကြီး အိပ်ချင်မူးတူးနဲ့ ကျောင်းကောင်စီအခန်းဆီကို ဦးတည်ခဲ့တယ်။သူမထင်မှတ်ထားတဲ့အရာတစ်ခုကိုတွေ့လိုက်ရတယ်။
"အင်း....အဲ့တာကြောင့် ချစ်သူငယ်ချင်းလေး ဆူဘင်းကအားကိုးရတာ.."
အကိုယောန်ဂျွန်းက အကိုဆူဘင်းကို ခါးကနေဖက်ထားခဲ့တယ်.....အကိုဆူဘင်းနဲ့ အကိုယောန်ဂျွန်းက သူငယ်ချင်းတွေဆိုတာသိပေမဲ့ အဲ့တာကြီးကတော့ နည်းနည်းမဟုတ်သေးဘူးလေ.......
.
.
.
.
.
.
.
ခါအီတစ်ယောက် သဝန်တွေစွတ်တိုနေခဲ့ပေမဲ့ ဘာမှမဖြစ်သလို အခန်းထဲဝင်လာခဲ့တယ်။ဆူဘင်းဟာ ခါအီကိုမြင်သွားပြီးနှုတ်ဆက်လိုက်တယ်။
"အော် ခါအီ အာညော်..."
"အာ...nae..."
အခန်းထဲမှာရှိနေတဲ့ ယောန်ဂျွန်းနဲ့ ကန်ထယ်ကတော့ ခါအီရဲ့ ဘာမှမတုန့်ပြန်တဲ့ပုံကိုကြည့်ပြီး အံ့ဩနေခဲ့တယ်။
အဲ့တာနဲ့နှစ်ယောက်သားတိုးတိုးလေးပြောနေခဲ့ကြတယ်။"ဟေ့ ထယ်ဟျွန်း...မင်းပြောတော့ ဒီအကြံကအကောင်းဆုံးဆို..."
"အစကအဲ့လိုထင်ခဲ့တာလေ...အခုတော့ ခွေးသားလေးကတစ်စက်တောင်မလှုပ်..."
.
.
.
.
.
.
Yesterday....
"အကိုယောန်ဂျွန်း...""ပြော...."
"တစ်ခုလောက်ကူညီပေးပါလား.."
"ပြောကြည့်လေ..ဘာကူညီပေးရမလဲ.."
"ခါအီကို သဝန်တိုအောင်လုပ်ဖို့ အကိုယောန်ဂျွန်းရဲ့အကူညီလိုတယ်..."
"ဘာလို့ငါလဲ...."
"ဘယ်ရှုထောင့်ကကြည့်ကြည့် အကိုနဲ့အဆင်ပြေလို့..."
"ကျောင်းကောင်စီအဖွဲ့သားမိန်းကလေးတွေရှိနေတာကို သူတို့ ကူညီခိုင်းပါလား..."
ထယ်ဟျွန်းဟာ အိတ်ထဲကနေ ဘေ့စ်ဘောဘောလုံးလေးတစ်လုံးကိုထုတ်လိုက်ပြီး......
"ဟူး......အကို idolရဲ့လက်မှတ်ကိုအစကတော့ပေးမလို့ပါဘဲ အကိုကမကြိုက်ဘူးဆိုတော့မပေးတော့ပါဘူးလေ..."
"ဟေး.ဟေး...ငါလုပ်မယ် ဘယ်ကစပြီး ကူညီပေးရမှာလဲ..."
Yes!!!ထယ်ဟျွန်းရဲ့အကြံကတော့အောင်မြင်သွားပြီ...
YOU ARE READING
High School Theory
Подростковая литератураအထက်တန်းကျောင်းတစ်ခုကနေ ဖြစ်ပေါ်လာခဲ့တဲ့ ကောင်လေးနှစ်ယောက်ရဲ့ အချစ်သီအိုရမ်လေးတစ်ခု.......