"ငါ ဆော့ဂျင်းကို အဖြေပေးလိုက်ပြီ"
"ဘာ..."
ဂျောင်ကု စကားကြောင့် နန်ဂျွန် နဲ့ ဟိုဆော့တို့
အလန့်တကြား ပြန်အော်ကြသည်။"မင်း လက်ခံလိုက်တယ်လို့တော့ မပြောနဲ့နော် ဂျောင်ကု"
"....."
"မင်းကွာ"
"သူ့အကြောင်းမသိတာကျလို့"
နန်ဂျွန် အပြောကို ဂျောင်ကု ေခါင်းငြိမ့်ပြလိုက်သည်
ဂျောင်ကုအဖြေကို သိကြတော့ သူငယ်ချင်းနှစ်ယောက်
လုံး ဂျောင်ကုကို ဆူကြတော့သည်။ဂျောင်ကု
အနားမှာ ရှိသမျှလူအကုန် ဆော့ဂျင်းနဲ့
သဘောမတူကြပါ အဓိက ကတော့ ဆော့ဂျင်ဟာ
ကျောင်းတွင်းရန်ပွဲတိုင်းပါတတ်ပြီး မတွဲဖူးတဲ့
ကောင်မလေး မရှိသလောက် ပွေရှုပ်သူလည်း ဖြစ်သည်
ဂျောင်ကုကတော့ ပထမဆုံး သူလိုက်ဖူးတဲ့ ကောင်လေး
တယောက် ဖြစ်သည်။ အစကတော့ မယုံတာမလို့
ပစ်ထားခဲ့တယ် ကောင်လေးက ဇွဲကောင်းသည်
ခြောက်လတိတိ ဂျောင်ကုနောက်ပဲ တကောက်ကောက်ရယ်ပါ
အချစ်ကလည်း ဆန်းကြယ်သည် ကိုယ်ထက်
2နှစ်ငယ်တဲ့ ခပ်ဆိုးဆိုး ကောင်လေးကိုမှ ဂျောင်ကုကလည်း
လူသိရှင်ကြား တွဲမိခဲ့ပါသည်။*********
****************
ကျနော်တို့တွေဟာ ချစ်မိသွားကြပြီဆိုရင်
ဘယ်သူ့စကားကိုမှ နားထဲမဝင်ကြတော့ဘူးမဟုတ်လား
ပတ်ဝန်းကျင်၊သူငယ်ချင်း၊မိသားစု စသဖြင့်ပေါ့
လူတွေရဲ့ ထင်မြင်ချက်တွေ ကန့်ကွက်မှုတွေ
ကဲ့ရဲ့ပြစ်တင် မှုတွေ အားလုံးပေါ့
သဘာဝနဲ့ ဆန့်ကျင်နေတဲ့
ဆက်ဆံရေးဖြစ်နေခဲ့ရင်တောင်ပေါ့။မောင့်ကို နှစ်နှစ်လောက် တဖတ်သတ်ချစ်လာတဲ့
ကျနော့်တွက်တော့ ခြောက်လနေမှ အဖြေပြန်ပေးခဲ့တာ
ထူးဆန်းတယ်လို့တော့ ကျနော်မထင်ပါဘူး
အချိန်တွေအကြာကြီး မောင့်ကို တိတ်တိတ်လေး
ခိုးချစ်နေခဲ့ရတာလေ ဒီလောက်တော့
ရူးမိုက်ကြည့်လို့ရတယ်မလား....