ep1

3.1K 290 56
                                    

မီးရောင်စုံတလက်လက် မြူးကြွနေတဲ့
သံဇဉ်တွေကြား ခုန်ပေါက်မြူးထူးနေကြတဲ့
လူငယ်တစ်စု။ ကျားမရောထွေးလျက်
ခန္တာကိုယ်တွေက ထိစပ်ယှက်နွယ်ကာ
စိတ်လွတ်လက်လွတ် ပျော်ပါးနေကြသည်။
မိန်းက‌လေးများက သူတို့ရဲ့ဆွဲဆောင်မှုရှိလှတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဖော်ထုတ်ကာ
ယောကျာ်းလေးများကလည်း ထိုဆွဲဆောင်မှုတွေအပေါ်
အကြည့်မလွဲနိုင်လျက်။ ထိုသို့ မထိတထိ
ကြည်စယ်ကြရင်း ပျော်ရွှင်ခြင်းအရသာကို
စံစားနေကြသည်။

သူကတော့ ငြီးငွေ့လွန်းလို့ အောင့်အီးထိုင်နေရသည်။
သူကတကယ် ဒီလိုနေရာတွေနဲ့ မကိုက်ဘူး။
ဆူညံသံတွေကိုလည်း သဘောမကျဘူး။
ပြီးတော့ အရောင်တပြက်ပြက်
လက်နေတာတွေကလည်း မျက်စိစူးလှသည်။
သူ့ရှေ့မှာရှိနေတဲ့ အရက်တွေကိုလည်း သူအနံ့မခံနိုင်။

" ဟေ့ရောင် ပျင်းနေပြီလား "

" အင်း မင်းကကြာလိုက်တာ
ဘယ်အထိသွားနေတာလဲ "

" ဘယ်ထိရမှာလဲ မင်းဘဲကြီးကို လိုက်ရှာနေတာလေ "

" ဟီးဟီး မင်းကလည်း အဲတော့ ဘယ်မှာလဲ
တွေ့ခဲ့ရဲ့လား "

" တွေ့ခဲ့တယ် သူကအထူးအခန်းမှာကျနေတာ
အဲအထပ်တွေက နည်းနည်းတော့ စည်းကမ်းကြပ်တယ်
မန်ဘာဝင်ရမှာ "

" VIPလား ဝင်မယ်လေ ဝင်ပြီးရင် သွားရအောင် "

" နေ နေပါအုံး မင်းစဉ်းစားပါအုံးလား
မင်းဘဲကြီးဆိုတဲ့ကောင်က- မင်းလည်းသိလျက်နဲ့ "

ဟီးမင်မင်ပြောချင်တာကို သူသိသည်။
သူကြိုက်နေတယ်ဆိုတဲ့ သူ့ဘဲကြီးဆိုတဲ့သူဂျွန်က
နည်းနည်းမကောင်းဘူးလေ။ သူက ဒီဘားကလပ်မှာ
အလုပ်လုပ်ရင်း ကျောင်းတက်နေတယ်
သူ့ထက်တစ်တန်းကြီးတယ်။ ‌ဂျွန်က
ကျောင်းမှာရော ဒီကလပ်မှာရော
နာမည်ကြီးသည်။ ကျောင်းမှာဆိုလည်း
သူနဲ့ပတ်သက်နေတဲ့ မိန်းကလေးတွေ
အများကြီးရှိသည်။ ရည်းစားမကျ
သူငယ်ချင်းမကျတွေ ပြောရမယ်ဆိုရင်တော့
အပေါင်းအသင်းကောင်းတယ်ပဲ ပြောရမလား။
အလုပ်မှာဆိုရင်လည်း အရမ်းဝန်ဆောင်မှုကောင်းတယ်
ဧည့်သည်တွေက တွဲကပေးဆို တွဲဆိုပေး
အတူသောက်ပေးဆို သောက်ပေး အကုန်လုပ်သည်။
သူက ဒီဝန်ထမ်းတွေထဲတွင် နာမည်အကြီးဆုံးနဲ့
ဝင်ငွေအကောင်းဆုံးပင်။ ‌ဒါတွေက
ဟီးမင်မင်စုံစမ်းပေးထားတာ။

Between Us [✓]Where stories live. Discover now