ep4

2.3K 270 57
                                    

တစ်ရက်ခြားတစ်ခါ၊ သုံးရက်ခြားတစ်ခါဆိုသလို
သူ့အကောင့်ထဲ ပိုက်ဆံတွေရောက်ရောက်လာသည်။
ပမာဏကလည်း များသည်.. ထိုပိုက်ဆံတွေမြင်တိုင်း
သူပူလောင်နေမိတယ် ဂျွန်တော့ တစ်ယောက်ယောက်နဲ့
အတူရှိနေပြီး သူ့ဆီပိုက်ဆံတွေ ပို့ပေးနေပြန်ပြီဆိုပြီး..
သူပိုက်ဆံတွေလိုချင်ပါတယ်လို့ ပြောမိလို့လား
အခုလို ပူလောင်မှုတွေ ခံစားနေရတာက..
သူဂျွန့်ကို သွားမတွေ့တော့တာဘဲရှိတယ်
တစ်ရက်မှ သတိရမပျက်ဘူး အချိန်တိုင်းလိုလို
ဂျွန့်အကြောင်းတွေးပြီး သတိရနေခဲ့တာ..
ဂျွန်ကတော့ သူ့ကိုပိုက်ဆံတွေ မူလအတိုင်း
ပြန်ပေးချင်တာပဲသိတယ် သူ့ကို ရှိတယ်လို့ကို
ထင်မှာမဟုတ်ဘူး.. သူ့အသိစိတ်က မေ့သင့်တယ်လို့
သတိပေးနေပေမဲ့ နှလုံးသားက ဂျွန်မှဂျွန်
တောင့်တနေမိတာ ကြာရင် နှလုံးရောဂါလည်း
ရတော့မယ်ထင်တယ် ကျွန်တော်ဘယ်လိုလုပ်
ရမလဲ ဂျွန်ရယ်.. ကျွန်တော့်မှာ ဂျွန်ကကျွန်တော့်ကို
သဘောမကျဘူး၊ချစ်သူရှိတယ် လက်ထပ်မဲ့သူ
ရှိတယ်လို့ ဂျွန်ကိုယ်တိုင် နှုတ်ကပြောခဲ့တာတောင်
ကျွန်တော်က .. ကျွန်တော်က စိတ်မပြတ်နိုင်
ဖြစ်နေမိတာ.. သူ့မှာချစ်သူမိန်းကလေးရှိတယ်
ဆိုတာတောင် စိတ်မပြတ်နိုင်ဘဲ အဲဒီမိန်းကလေး
နေကောင်းပြီး ဂျွန်အဆင်ပြေအောင်
အကူအညီတွေ ပေးချင်သေးတာ
ဟိုကမလိုအပ်ပါဘူး‌ဆိုတာကို ကျွန်တော်က..

ဒါပေမဲ့ ကျွန်တော်ထင်တယ် တစ်ရက်ရက်တော့
ကျွန်တော်ဂျွန့်ကို မေ့နိုင်သွားလိမ့်မယ်ထင်တယ်
ဂျွန်သာ တခြားတစ်ယောက်နဲ့ လက်ထပ်ပြီးတာ
ကျွန်တော်ကိုယ်တိုင် မြင်လိုက်ရတဲ့
အခါကျရင်တော့ ကျွန်တော်ဂျွန့်ကို
မေ့နိုင်သွားမှာပါ။ ဂျွန့်ကို မေ့နိုင်သွားခဲ့တဲ့
တစ်နေ့ကျရင်တော့ ဂျွန်ရှေ့ကျွန်တော်ပေါ်လာခဲ့မယ်
အခုတော့ ကျွန်တော်ဂျွန့်ကို တွေ့လို့မရသေးဘူး။

" လာစမ်းပါဟေ့ရောင်ရာ
မင်းကြည့်ရတာ မှိုင်တိုင်တိုင်နဲ့
မင်းဟာက ချစ်သူရည်းစားတောင်
မဟုတ်ဘဲ ဒီလောက်ထိဖြစ်ပျက်နေတာ
ဟိုကအစားအသောက်တောင်မပျက်ဘူး
လာစမ်းပါ သူ့ရှေ့ခပ်ချေချေနေပြလိုက်စမ်းပါ
လာခဲ့.. လာစမ်းပါ "

Between Us [✓]Where stories live. Discover now