2.1

135 25 1
                                    

ဖြန်း !

ဖြန်း !

ဘယ်တစ်ချက် ညာတစ်ချက် ရိုက်ခံလိုက်ရတာကြောင့် Junkyu ပါးပြင် ကျိန်းစက်ပူထူလာသည်။

'တောက် ! နင်'

ထပ်ရွယ်လာတဲ့လက်ကြောင့် ရိုက်ချက်တွေကို မျက်လုံးမှိတ်ပြီးသာ ခံယူဖို့တွေးလိုက်သည်။ လူနာတာထက် ရင်ဘတ်ထဲ ပိုနာသည်။

'တော်သင့်ပြီ'

Junkyu မျက်လုံးဖွင့်ကြည့်တော့ အမရဲ့လက်ကောက်ဝတ်ကို ဆွဲကိုင်ထားတဲ့ Haruto။

'ငါ့အစ်မကိုမထိနဲ့'

သူကြားထဲက Haruto လက်တွေကို ဆွဲဖြုတ်တော့ အမYihyunက ဘေးဘက်ကို ယိုင်သွားသည်။

'မင်းကတိပေးထားတာ မမေ့နဲ့ Haruto'

'ကျစ် ! မင်းမမြင်ဘူးလား ငါဘယ်သူ့အတွက် လုပ်နေလဲဆိုတာ'

Haruto မျက်ခုံးတွေကို တွန့်ချိုးထားကာ သူ့မျက်လုံးတွေကို စူးစူးရဲရဲ ကြည့်သည်။ ထို့နောက် စိတ်မရှည်သလို သက်ပြင်းချကာ အိမ်ပြင်ထွက်သွားလေသည်။

'အစ်မ'

ဖြောင်းခနဲအသံနဲ့အတူ ဒီတစ်ခါတော့ သူ့မျက်နှာလည်ထွက်သွားသည်။

'ငါ့မိဘတွေကို လုရုံနဲ့ အားမရလို့ ငါ့ရည်းစားကို လုတာပေါ့ ဟုတ်လား Kim Junkyu ~ ယောက်ျားတန်မဲ့ သိက္ခာမရှိ။ နင်ဒီနေ့ကစပြီး ငါတို့အိမ်ကိုပြန်လာစရာမလိုဘူး။ ဖေဖေကလည်းရှက်လို့ လိုက်မလာဘူး။ နင့်ရဲ့ဘဝက ဒီနေ့ကစပြီး နင့်မိဘမဲ့ကျောင်းက ဘဝလိုပြန်ဖြစ်သွားပြီ'

'အစ်မ'

'မခေါ်စမ်းနဲ့ ငါနင့်အစ်မ မဟုတ်ဘူး ~ နင်လိုလူမျိုးကို ဒီအရွယ်ထိ ငါတို့မိသားစုက ကောင်းကောင်းမွန်မွန် ကျွေးမွေးလာတာ နင့်လုပ်ရပ်ကကျ အစ်မရည်းစားကို လင်တော်မှာတဲ့လား ဟမ် နင်မရှက်ဘူးလား kim Junkyu'

Junkyu ငိုရုံမှတစ်ပါး ပြောစရာမရှိ။ ရှင်းပြလို့မရတဲ့ အနေအထားမှာ ရှင်းပြရင်တောင် ဘယ်သူကသူ့ကို ယုံမှာလဲ။ အခုတော့ သူလိုချင်ခဲ့တဲ့ မိသားစုဘဝက နေ့ချင်းညချင်း ကွယ်ပျောက်သွားခဲ့ပြီ။

'ကျွန်တော်တောင်းပန်ပါတယ်'

'အဲ့တာနဲ့ နင်လုပ်သမျှ ကြေသွားရောလား ဟမ် .. ဘာလို့သူမှလဲ ငါ့ကိုကျ မကောင်းဘူး ဘာညာလိမ်ပြောပြီး နင်ကယူမယ်အထိ ဟမ် Kim Junkyu ဖြေစမ်း ငါမေးတာဖြေ'

Chessy RomanceWhere stories live. Discover now