အခန်း ၂၀၁

302 3 0
                                    

မြူဆိုင်းနေသည့် ကျွန်း

လျူဖုန်းက နှုတ်ဆိတ်လျက်ပင် ဟောင်နှင့် မိုးကြိုးနတ်ဘုရားတို့ နောက်သို့ လိုက်ပါသွားခဲ့သည်။
" ဒီနှစ်ယောက်က ကမ္ဘာပေါ်မှာ အသန်မာဆုံး ဖိုက်တာတွေပဲ .. "

လျူဖုန်းက သူတို့၏ နောက်ကျောကို ကြည့်နေရင်း သူ၏ ရည်မှန်းချက်ပန်းတိုင်အဖြစ် သူတို့နှစ်ယောက်အား ချမှတ်လိုက်မိသည်။ ထိုအထဲမှ တစ်ယောက်မှာ ကြယ်တာရာ လျှောက်လှမ်းသူ အဆင့် ၇ ဖြစ်ပြီး ကျန်တစ်ယောက်မှာ ကြယ်တာရာ လျှောက်လှမ်းသူ အဆင့် ၆ ဖြစ်သော်လည်း ကြယ်တာရာ လျှောက်လှမ်းသူ အထွဋ်အထိပ်အဆင့်တွင် ရှိလေသည်။ ထိုလေ့ကျင့်သည့် အမြန်နှုန်းက ကမ္ဘာပေါ်က အခြားလူများထက် ပိုမြန်ဆန်လှပေသည်။
ရှူး...
ဥမင်တစ်ခု ကဲ့သို့ ဖြစ်နေသည့် လျှောက်လမ်းအတိုင်း လျှောက်သွားရာ အဆုံးတွင် သတ္တုတံခါး တစ်ချက်ရှိနေပြီး ထိုတံခါးက အလိုအလျောက် ပွင့်လာခဲ့သည်။ သုံးယောက်သား အထဲသို့ ဝင်လိုက်သည်နှင့် သတ္တုတံခါးကြီးမှာ ပြန်လည် ပိတ်သွားခဲ့သည်။

ထို့နောက် သူတို့က ရှေ့သို့ ဆက်လျှောက်လာခဲ့ပြီး နောက်ဆုံးတွင် ဖွင့်လျက်သား ရှိနေသည့် လေသာ ခေါင်မိုးထပ်သို့ ရောက်ရှိသွားခဲ့သည် ။

ဟောင်နှင့် မိုးကြိုးနတ်ဘုရား တို့နှစ်ယောက်က ခုံတန်းလေး များစွာ ရှိနေသည့် ခုံတန်းလေးတစ်ခုတွင် ထိုင်ချလိုက်သည်။ ဟောင်က လျူဖုန်းအား ကြည့်လိုက်ပြီး
" ထိုင် .."

" ဟုတ်ကဲ့ ..ဦးသျှောင် .."
လျူဖုန်းက ဘေးမှထိုင်လိုက်ကာ ကျောကို ဆန့်တန့်လိုက်၏။

" ကောင်လေး လျူ.. မင်း လီယိုကို မိုးပျံလွန်းပြန်ယာဉ်နဲ့ ဘယ်လိုသတ်လိုက်တာလဲ.. ငါတို့ကို တိတိကျကျပြောပြ .. "
မိုးကြိုးနတ်ဘုရား၏ မျက်နှာမှာ အပြုံးများနှင့် ပြည့်နှက်နေပြီး ကြင်နာတတ်သည့် ပုံဖြင့်

"အရင်က ငါ မင်းရဲ့ ဦးသျှောင်နဲ့ အချိန်အကြာကြီး သုံးပြီး စမ်းသပ်ခဲ့တာတောင် ငါတို့ စိတ်ဝိညာဉ်လက်နက်က အရမ်းစွမ်းအားကြီးပေမယ့် ငါတို့ ဘယ်လိုမှ မသိနိုင်ခဲ့ဘူး .."
လျူဖုန်း၏ နှလုံးတစ်ချက် ခုန်သွားခဲ့သည်။

Swallowed Star (Part - 2)Where stories live. Discover now