အခန်း ၂၃၅

22 2 0
                                    

အာကာသ သားရဲ

" ပင်လယ် မွန်းစတားတွေက အဲဒီ ထူးဆန်းတဲ့ သတ္တဝါကြီးရဲ့ အမိန့်အောက်မှာ လှုပ်ရှား နေကြတာပါ.. ကျွန်တော်တို့ ဘယ်လိုမှ ခုခံဖို့ နည်းမရှိဘူး.. အားလုံး.. ကျွန်တော်တို့ ဘာလုပ်ကြမလဲ ..."

လူမည်း သမ္မတက မျှော်လင့်တကြီးနှင့် အစည်းအဝေးခန်းသို့ ဝေ့ပတ် ကြည့်လိုက်၏။ လူတိုင်း၏ အမူအယာများမှာ လေးနက်နေပြီး သမ္မတက စိုးရိမ်တကြီးနှင့် စကား ဆက်လိုက်ကာ

" အခု .. သေဆုံးနှုန်းက ၂၁၀၈၀ အထိ ရှိနေပါပြီ ... ဆိုလိုတာက သေဆုံးနှုန်း နှစ်သောင်း တစ်ထောင်လောက် ရှိနေပါပြီ .."

သူ၏ မျက်လုံးများက ရီဝေ နေလေသည်။

ထိုစကားက အားလုံး၏ နှလုံးသားများအား ဆို့နှင့် သွားစေခဲ့လေသည်။

အမေရိကန်တွင် လူ့ အသက်ပေါင်းများ စွာ ဆုံးရှုံး သွားခဲ့ပြီး ဖြစ်သည်။

လျူဖုန်းက ထို ထူးဆန်းသည့် သတ္တဝါကြီးက အမေရိကန် လူများအား စားသောက်နေသည်ကို ကြည့်ရင်း သူ၏ ခံစားချက်မျာ အလွန် နာကျင် နေမိပြီး သနား နေမိ လေသည်။ တစ်ဖက်တွင်လည်း သူ၏ ခံစားချက်များက အလွန်ပင် ပြင်းထန် နေလေသည်။ အကယ်၍ ယနေ့ အမေရိကန် ရှိနေပြီး မနက်ဖြန် မည်သို့ ဖြစ်သွားမည်နည်း။

အကယ်၍ သူ၏ တရုတ်လူမျိုး သောင်းချီ သန်းချီ စားသောက်ခံ သေဆုံး သွားရပါက.......

ထိုကဲ့သို့ ဖြစ်ရပ်မျိုး ဖြစ်လာမည်ကို သူ ကိုယ်တိုင်ပင် မမှန်းဆ ရဲအောင် ဖြစ်နေ လေသည်။

" ဒီလို မဖြစ်စေရဘူး ..."

လျူဖုန်းက သူ၏ လက်သီး ကိုကျစ်နေအောင် ဆုတ်ထားလိုက်သည်။

" အဲဒီ သတ္တဝါကြီးက ဘယ်ကနေ ပေါ်လာတာလဲ.. အရင် ဘယ်သူကမှ မတွေ့ဖူးဘူး .."

" လက်လေးချောင်း ..အတောင်ပံနဲ့ .. အကြေးခွံ တွေကလည်း အတောင်ပံပေါ်မှာ ဖုံးထားတယ် ..."

" အဲဒီ ကောင်က ဘယ်လိုလုပ်ပြီး စခန်းတစ်ခုလုံးကို တစ်လုပ်တည်းနှင့် မျိုနိုင်ရတာလဲ .."

" အဲဒီ မွန်းစတားက ဘာလဲ ... "

စည်းဝေးခန်းထဲတွင် တီးတိုးပြောသံများနှင့် ပြည့်နှက် နေပြီး နိုင်ငံတိုင်းမှ ခေါင်းဆောင်များ၊ အကြီးအကဲများ၊ ကိုယ်စားလှယ်များ အားလုံးက အခက် တွေ့နေကြပြီး စိုးရိမ်ပူပန်သည့် အမူအယာများ ဖြစ်ပေါ် နေကြလေသည်။ ထိုကဲ့သို့သော မည်သည့် နေရာမှ ထွက်ပေါ်လာပြီး မည်သူမျှ မသိနိုင်သည့် သတ္တဝါကြီးမှာ အလန် ကြောက်စရာ ကောင်းလှကာ ဟောင်နှင့် မိုးကြိုးနတ်ဘုရားတို့ပင် စိုးရိမ် နေကြသည့်ပုံ ဖြစ်လေသည်။ သူတို့ သေချာ သိနေသည်က မဟာအင်ပါယာ အဆင့် မွန်းစတား နှစ်ကောင်ကပင် ဦးညွှတ်နေရပြီး စွမ်းအားပြင်း လေဆာ လက်နက်များ၏ ပစ်ချက်ကပင် အရာ မထင်သည် ဆိုခြင်းက ထိုမွန်းစတားကြီးမှာ သူတို့ထက် စွမ်းအားကြီး ပေလိမ့်မည် ဖြစ်သည်။

Swallowed Star (Part - 2)Where stories live. Discover now