DM

487 59 6
                                    

"အဲတာငါ့အကျင့်ပဲ! မကျေနပ်ရင် ကြိုက်သလိုလုပ်ခွင့်ရှိတယ်"

ကိုကိုဟာ သိပ်ပြီးပါးနပ်တယ်။ သိပ်ပြီးဉာဏ်ကောင်းတယ်။သူ့ဘေးနားက လူတစ်ယောက်အကြောင်းကိုလည်း သိပ်ပြီး နားလည်နေခဲ့တယ်။

လမ်းခွဲတဲ့စကားကို နှစ်ယောက်လုံးမကြိုက်တာမို့ ရန်ဖြစ်တိုင်း ယောင်ပြီးတော့တောင် လမ်းခွဲမယ်မပြောဖြစ်ကြဘူး။ ဒါပေမယ့် ဘာထူးလဲ။

ကိုကိုက စကားလုံးတော်တော်များများကို ဘယ်လိုအသုံးချရမလဲဆိုတာ ကျွမ်းကျင်တဲ့လူလေ။

"ပတ်ချန်း​ယောလ် ငိုမနေနဲ့!''

သူငိုရင် ကိုကိုက ပိုပြီးစိတ်တိုတယ်။
သူကလည်း ဒီလိုချိန်ဆို ဘာစကားမှထွက်မလာတတ်။ ဘာမှမပြောတတ်။ ငိုနေရုံသာငိုတတ်။

"ကျစ်! အဲတာတွေမကြိုက်တာကွာ"

တစ်အချက်- ကိုကို့ လေသံနည်းနည်းပျော့လာ။

ပါးစပ်ပိတ်နေရင် ပိတ်နေသလောက် အကျိုးရှိမှန်းချန်းယောလ်က သိတာမို့ ရန်ဖြစ်တိုင်း ပါးစပ်ပိတ်ထားတာကများတယ်။ ကိုကိုစိတ်ပြေသွားတဲ့ထိ ငြိမ်နေဖြစ်တာပဲ။ သူ့ဉာဏ်ကောင်းတာလောက်တော့ ချန်းယောလ်လည်း အမီလိုက်နိုင်ပါတယ်လို့ ငိုနေရင်းကြားက တွေးဖြစ်လိုက်သေးတယ်။ ထားပါ။

"ကိုကို့!''

ရှူးဆိုပြီး နှာကိုတမင်ရှုံ့ပစ်လိုက်တဲ့ချန်းယောလ်က ကိုကို့ဆီကနေ မကြည်ကြည့်တစ်ချက်ကို ပက်ခနဲပြန်ရလိုက်တယ်။

"ဘာတုန်း"

နှစ်အချက်- ဒီလောက်ဆို ဆရာကြီးကို ချော့လို့ရပြီ။

"သူငယ်ချင်းတွေပါဆိုမှ ​ကိုကိုကလည်း
ပြီးတော့သူ့ဘက်က လာလာစကားပြောနေတာကို မပြောနဲ့လို့ ဘယ်လိုတားလို့ရမလဲ ကျွန်တော်လည်းရှောင်သင့်သလောက်ရှောင်တယ်လေ"

"​ေ-ာက်စကားကို ပြန်မပြောရင်ရတယ်!"

ချန်းယောလ်မှာ ပုခုံးနှစ်ဖက်လုံး တွန့်သွားရတယ်။
ဒေါသအိုးကိုလည်း ကြည့်ပါဦး။ ချန်းယောလ်ဘာပြောပြော ချေပဖို့ အားအင်အပြည့်နဲ့။

Dangerous ManWhere stories live. Discover now