"အဲတာငါ့အကျင့်ပဲ! မကျေနပ်ရင် ကြိုက်သလိုလုပ်ခွင့်ရှိတယ်"
ကိုကိုဟာ သိပ်ပြီးပါးနပ်တယ်။ သိပ်ပြီးဉာဏ်ကောင်းတယ်။သူ့ဘေးနားက လူတစ်ယောက်အကြောင်းကိုလည်း သိပ်ပြီး နားလည်နေခဲ့တယ်။
လမ်းခွဲတဲ့စကားကို နှစ်ယောက်လုံးမကြိုက်တာမို့ ရန်ဖြစ်တိုင်း ယောင်ပြီးတော့တောင် လမ်းခွဲမယ်မပြောဖြစ်ကြဘူး။ ဒါပေမယ့် ဘာထူးလဲ။
ကိုကိုက စကားလုံးတော်တော်များများကို ဘယ်လိုအသုံးချရမလဲဆိုတာ ကျွမ်းကျင်တဲ့လူလေ။
"ပတ်ချန်းယောလ် ငိုမနေနဲ့!''
သူငိုရင် ကိုကိုက ပိုပြီးစိတ်တိုတယ်။
သူကလည်း ဒီလိုချိန်ဆို ဘာစကားမှထွက်မလာတတ်။ ဘာမှမပြောတတ်။ ငိုနေရုံသာငိုတတ်။"ကျစ်! အဲတာတွေမကြိုက်တာကွာ"
တစ်အချက်- ကိုကို့ လေသံနည်းနည်းပျော့လာ။
ပါးစပ်ပိတ်နေရင် ပိတ်နေသလောက် အကျိုးရှိမှန်းချန်းယောလ်က သိတာမို့ ရန်ဖြစ်တိုင်း ပါးစပ်ပိတ်ထားတာကများတယ်။ ကိုကိုစိတ်ပြေသွားတဲ့ထိ ငြိမ်နေဖြစ်တာပဲ။ သူ့ဉာဏ်ကောင်းတာလောက်တော့ ချန်းယောလ်လည်း အမီလိုက်နိုင်ပါတယ်လို့ ငိုနေရင်းကြားက တွေးဖြစ်လိုက်သေးတယ်။ ထားပါ။
"ကိုကို့!''
ရှူးဆိုပြီး နှာကိုတမင်ရှုံ့ပစ်လိုက်တဲ့ချန်းယောလ်က ကိုကို့ဆီကနေ မကြည်ကြည့်တစ်ချက်ကို ပက်ခနဲပြန်ရလိုက်တယ်။
"ဘာတုန်း"
နှစ်အချက်- ဒီလောက်ဆို ဆရာကြီးကို ချော့လို့ရပြီ။
"သူငယ်ချင်းတွေပါဆိုမှ ကိုကိုကလည်း
ပြီးတော့သူ့ဘက်က လာလာစကားပြောနေတာကို မပြောနဲ့လို့ ဘယ်လိုတားလို့ရမလဲ ကျွန်တော်လည်းရှောင်သင့်သလောက်ရှောင်တယ်လေ""ေ-ာက်စကားကို ပြန်မပြောရင်ရတယ်!"
ချန်းယောလ်မှာ ပုခုံးနှစ်ဖက်လုံး တွန့်သွားရတယ်။
ဒေါသအိုးကိုလည်း ကြည့်ပါဦး။ ချန်းယောလ်ဘာပြောပြော ချေပဖို့ အားအင်အပြည့်နဲ့။