ချစ်သော Tae
မနက်ရောက်တော့ လင်းကြက်တောင်မတွန်သေး သူကြီးကလာခေါ်တော့သည်။
Jungkookအခုမှာ မျက်နှာသစ်တုန်း
" ဟေ့ Jungkook နိုးပြီးလား "
ပြောတော့ 6နာရီဆိုပြီး လာခေါ်တဲ့အချိန်က မနက်4နာရီကြီး
ဪ သူကြီးရယ် မှတ်သားလောက်ပါတယ်
" သူကြီးအဲလေ အုပ်ချုပ်ရေးမှုးတော်တော်တက်ကြွနေရောပါလား "
" မဟုတ်ပါဘူးကွာ "
ပါးချိုင့်တွေ ပေါ်အောင်ပြုံးပြနေတဲ့ သူကြီး Kim Namjoon
အမှန်ဆို သူကြီးက Jungkookအလေးစားရဆုံး ပုဂ္ဂိုလ်တစ်ဦးပင်။
" ဪ Namjoonရောက်နေတာကို "
" ဟုတ်ပါ Yoongiရာ နေပါဦး ထူးထူးဆန်းဆန်း အစောကြီးထနေပါလား "
" ထဆို ငါလည်း မင်းတို့နဲ့လိုက်မလို့လေ "
အကိုကြီးYoongiပြောသည်ကို သူကြိီးNamjoonက ဘာမှမပြောပေမဲ့
" နေပါဦး အကိုကြီးရ အကိုကြီးက ဘာလိုက်လုပ်မှာတုန်း ပြီးတော့ ကျုပ်တို့က ထော်လာဂျီနဲ့သွားမှာလေ "
အိမ်ရှေ့က ရေချိုးသည့်နေရာမှာဖြစ်တာကြောင့် Jungkookက ကျောက်ပြားပေါ်မှာ သူကြီး Namjoonက ခြံစည်းရိုးအပြင်မှာ Yoongiက ရေချိုးသည့်နေရာဘေးက မြေသားပေါ်မှာပင်။
" ဒီကောင်ကတော့ "
Yoongi၏ အသံနှင့် အီဆိမ့်သွားပါသော Jungkook၏ ခြေထောက်
ကန်ချက်မည်မျှပြင်းသနည်းဆိုသည်မှာ Jungkook ခဗျ ဒူးတောင်ညွှတ်ကျသွားခြင်းပေ။
" အကိုကြီးဗျာ ကျုပ်ဆိုရင် အနိုင့်ကျင်လိုက်တာလွန်ရော အကိုကြီး မိန်းမရရင် အဲမိန်းကလေးတော့ ကံဆိုးတာဘဲ တစ်ခါတည်း လုပ်မယ်ဆိုတာချည်းဘဲ "
Jungkookပြောလိုကိတဲ့ အဓိပ္ပာယ်ကို သဘောမပေါက်တဲ့ Yoongi
ဉာဏ်ရည်မြင့်မားတဲ့ သူကြီးကတော့ ချက်ဆိုတာနဲ့ ဗိုက်မှာကပ်ပြီး အဲ နားခွက်က မီးတောက်တယ် ပြောပါတယ်။
ပြုံးစိစိနဲ့ သူကြီးနှင့် ကြောင်ကြောင်ဖြစ်နေသော အကိုကြီး
YOU ARE READING
ချစ်သော Tae
RomanceGayမုန်းတဲ့ ရွာကလူပျိုကြီး Jeon Jungkookနဲ့ မြို့သားအချောလေး Kim Taehyungတို့ရဲ့ ချစ်ခြင်းတရားလေး