"ကဲ ဒီနေ့ကတော့ကျွန်တော်ရဲ့တစ်ဦးတည်းသောမြေးလေးဖြစ်တဲ့Zhang Haoရဲ့၁၉နှစ်ပြည့်မွေးနေ့ပွဲလေးဘဲဖြစ်ပါတယ် ဒီနေ့မှာတော့ကျွန်တော်လွန်ခဲ့တဲ့နှစ်ပတ်ထဲကကြေငြာထားတဲ့အတိုင်းမြေးလေးဟာအသက်လဲ ပြည့်သွားပြီဖြစ်တာကြောင့်ကျွန်တော်အမွေလွှဲပြောင်းပေးမှာဖြစ်ပြီး ဟောဒီက ကျွန်တော်ရဲ့ပါတနာလဲဖြစ် ကျွန်တော်အားကိုးယုံကြည်ရတဲ့သူလဲဖြစ်တဲ့ CEO Park Gun Wook နဲ့ကျွန်တော့်မြေးHaoကိုစေ့စပ်ပွဲတစ်ခါထဲ ပြုလုပ်မည်ဖြစ်ပါသည် ခင်ဗျာ"
ဖြောင်း ဖြောင်း ဖြောင်း...
ဧည့်ပရိတ်သတ်အပေါင်းတို့ကဝမ်းပမ်းတသာလက်ခုပ်တီးပေးနေကြပေမဲ့Haoမှာတော့ဟန်ဆောင်တောင်မပြုံးနိုင်ရှာ သူသိတာအခုချိန်အရမ်းငိုချင်နေပါသည်..
အမွေစာချုပ်အားHaoအားလွှဲပြောင်းပေးပြီးနောက် စေ့စပ်ပွဲမစမှီ..
"Hao ဘယ်လဲ စေ့စပ်ပွဲစတော့မှာ"
ထွက်သွားရန်ပြင်နေသောHaoလက်ကိုGunwookဆွဲ၏..
HaoကGunwookကိုမကြည့်ဘဲ..
'ဟွန့် စေ့စပ်ပွဲ'
"သန့်စင်ခန်းခနသွားချင်လို့"
Haoလက်ကိုGunwookကမလွှတ်..
"ဒါလေးတောင်မယုံဘူးလား ဒီလောက်သက်တော်စောင့်တွေအထပ်ထပ်ချထားတာလူမပြောနဲ့ခွေးတောင်ဝင်လို့မရဘူး"
Gunwookလက်ကိုခါချကာHaoထွက်သွား၏
'ချစ်လို့ပါကလေးရယ်ကိုယ်မင်းကိုသိပ်ချစ်လို့ပါ'
Haoသန့်စင်ခန်းထဲတွင်ထိုင်ချကာငိုတော့သည် ထိုစဥ်ရုတ်တရက်တံခါးကိုဆက်တိုက်ထုလာသောကြောင့်အငိုရပ်ကာ တံခါးအဖွင့်..
"Taerae Matthrew"
သုံးယောက်သားတင်းနေအောင်ဖက်ထားကြ၏..
"မင်းတို့မလာဘူးထင်တာ"
"အရူးရဲ့ မင်းမွေးနေ့ကိုငါတို့ကမလာဘဲနေမလား"
"ကိစ္စလေးရှိလို့နောက်ကျသွားတာ ဟိုစေ့စပ်ပွဲ"
"အခုငါ သန့်စင်ခန်းထဲကထွက်တာနဲ့ ကိုကိုနဲ့ဝေးရပြီ စေ့စပ်တာဘဲဆိုပေမဲ့လဲ ငါ့အဖိုးအကြောင်းငါသိတယ်"
YOU ARE READING
Hate You But Love You..🌹
Romanceငါနှလုံးသားထက်ဦးနှောက်ကိုဦးစားပေးရမယ်..KJW အရာအားလုံးထက်အကို့ကိုဦးစားပေးမယ်..ZHO (Uni+Zawgyi)