"ဟျောင်းကို ကျွန်တော် သဘောကျတယ်"
အိမ်နဲ့စကားများပြီး စိတ်ပျက်ပျက်နှင့်ထွက်လာသည့် ဂျီအွန်းရှေ့ ကောင်လေးတစ်ယောက် ရောက်လာပြီး ထိုစကားပြောနေခြင်း။
"ပေါက်ကရတွေလာပြောမနေနဲ့!"
အိမ်နဲ့အဆင်မပြေလို့ စိတ်ညစ်နေတဲ့ကြားမှထိုကောင်လေးကြောင့် ခေါင်းပါကိုက်သွားရသည်။
သူနဲ့ ခုမှတွေ့ပြီး အခု သဘောကျတယ်ပြောတာက နည်းနည်းတင်စီးလွန်းပြီး သူ့ကိုအထင်သေးရာရောက်သည်မလား။"ဟျောင်းကို ကျွန်တော်တွေ့ဖူးတာကြာပြီ"
ဇွဲရှိလှတဲ့ကောင်လေးက သူ့အနားတောက်လျှောက်လိုက်လာပြီး စကားတွေလိုက်ပြောလို့နေတော့..
"အဲဒါ မင်းကိစ္စ ကိုယ်တော့စိတ်မဝင်စားဘူး"
"ဟျောင်းက အရမ်းချောတာ ဝန်ခံပါတယ်"
ဘေးမှ တရုတ်လူမျိုးဖြစ်ဟန် ထိုကောင်လေးမှာ ဂျီအွန်း စကားအား မကြားချင်ယောင်ဆောင်၍ သူပြောချင်ရာပြောနေတော့သည်။
"ကိုယ့်ကိုမနှောက်ယှက်ဘဲ နေလို့ရမလား"
ဒီနေ့တစ်ရက်တော့ ဘီယာလေးသောက်ပြီး တစ်ယောက်တည်း ဒရာမာထဲကလို ကမ်ဘောင်သွားထိုင်နေမည် ဟုတွေးထားခြင်း။
အခုတော့ ဘေးမှ ကောင်လေးကြောင့် သူ့အတွေးလေးဟာပျက်စီးတော့မည်။"ဒါပေမယ့် ကျွန်တော်ကပိုချောတာ သိတယ်မလား"
"ဟူးးး"
သက်ပြင်းချရုံမှလွဲပြီး ဂျီအွန်းမတတ်နိုင်။
"ပြီးတော့ ကျွန်တော်ကအရပ်ပိုရှည်တယ်လေ"
ဒီတစ်ခါတော့ ဂျီအွန်းသည်းခံနိုင်မှုတွေကုန်ဆုံးသွားတော့သည်။
ရာရာစစ သူ့အရပ်ကိုများ လာထိနေပါ့လား။"ငါ့အရပ်က အတော်အသင့်ဘဲ မင်းလိုကလန့်ကလားမဟုတ်ဘူး!"
ထိုအခါရှေ့မှကောင်လေးက သဘောတကျရယ်၏။
နောက်ဆုံးတော့ သူ့ကိုအဖတ်လုပ်ခြင်းခံရပြီလို့တွေးမိလိုက်ခြင်းကြောင့်ဖြစ်နိုင်ပါသည်။"အဟွန်း ကျွန်တော်လဲ အဲလိုထင်ပါတယ်"
သူ့ကိုလှောင်ရယ်ချင်နေသော ထိုကောင်လေးအား အတော်လေး စိတ်အနှောက်ယှက်ဖြစ်နေပြီ။