တကယ်တမ်းစဥ်းစားကြည့်ရရင်တော့ဗျာကျွန်မဘဝကအဲ့လောက်လဲမချိုမြိန်နေခဲ့ပါဘူး။မေမေကကျွန်မကိုမွေးပြီး1လအတွင်းမှာပဲထားသွားခဲ့တယ်ဖေဖေ့ရဲ့လက်အောက်မှာပဲကြီးပျင်းလာတယ်ပဲဆိုပါတော့ဗျာ။ဖေဖေကတော့ဘာမှမဖြစ်ဘူးသာပြောနေပေမယ့်ဖေဖေ့ရဲ့အညိုသမ်းသမ်းမျက်လုံးတွေထဲပူဆွေးမှုတွေကို
မြင်ယောင်နေရတယ်။ကျွန်မကတော့လွမ်းမိပေမယ့်ဘာအမှတ်တရမှလဲမရှိတာကြောင့်နေနိုင်တယ်ပေါ့ဗျာ။
ဒါမယ့်လဲသူရိန်ကကျွန်မကိုဆိုတအားဂရုစိုက်တယ်ဖေဖေပြီးရင်သူကျွန်မကိုအားပေးဆုံးပဲလို့ပြောရမယ်။သိမ့်တစ်ယောက်အတွေးထဲနစ်မြောနေမိတယ်။သူမရဲ့မျက်နာပေါ်ဝမ်းနည်းယောင်ယောင်အရိပ်လေးတွေမြင်တွေ့နေရတယ်။
'သမီး...သိမ့်...'ဖေဖေ့ရဲ့ခေါ်သံကြောင့်ကျွန်မအလန့်တကြားခုံပေါ်ကနေပြုတ်ကျသယောင်တောင်ဖြစ်မိတယ်။
ကျွန်မနောက်ကိုလှည့်ကြည့်ကာခေါ်သံကိုပြန်ထူးရင်း...
(ဖေဖေတောင်အသက်ကြီးလာပြီအရင်လိုကောင်းကောင်းလမ်းမလျှောက်နိုင်တော့ဘူး....)စိတ်ထဲအတွေးတွေဝင်လာပြန်တယ်
'သမီး...ရော့ ဟိုဘက်အိမ်ကအန်တီမြဝင်းဆီသွားပို့လိုက် ကျေးဇူးတင်ပါတယ်လို့လဲပြောလိုက်အုန်းနော်ဟိုနေ့ကထမင်းတွေဟင်းတွေလာချက်ပေးတာ'
ဟိုတလောကဖေဖေဖျားတော့အိမ်မှာထမင်းမရှိဟင်းမရှိနဲ့ဝယ်ဝယ်စားရတယ်လေ။ကျွန်မကမိန်းကလေးဆိုပေမယ့်ကိုယ့်အဝတ်တောင်ကိုယ်မလျှော်ချင်လို့အဝတ်လျှော်စက်ဝယ်ပေးထားရတယ်ဗျာ့။အန်တီမြဝင်းကလာသတင်းမေးရင်းထမင်းရောဟင်းရောချက်ပေးလို့အိမ်ထမင်းဟင်းခံတွင်းပြန်တွေ့မိတယ်။ကျေးဇူးတော့တင်ပါတယ်ဒါမယ့်လဲကျွန်မတို့နစ်ယောက်ကမတည့်ကြဘူးလေ။
'ဟုတ်ကဲ့ဖေဖေ ဖေဖေဒီမှာလာထိုင်လေသမီးဒါပို့ပြီးရင်
သူရိန်နဲ့ဘောလုံးကန်လိုက်သွားအုန်းမယ်'
'အမယ်လေး ငါ့သမီးရယ် ဘောလုံးကန်လိုက်ပြီးဘာလုပ်အုန်းမလို့တုန်း ပြသာနာမရှာပါနဲ့သူရိန်လဲသမီးကိုထိန်းမနိုင်ဘူးဖေဖေလဲနေမကောင်းဘူး'
'ဖေဖေကလဲသူဘောလုံးကန်တာကိုသွားလိုက်ပြီးကြည့်ရုံပါပဲရန်မဖြစ်ပါဘူးဖေဖေရဲ့ သွားပြီနော်'
× × ×
'အန်တီ...အန်တီရေ ဒီမှာအန်တီ့အတွက်ဖေဖေပေးခိုင်းလိုက်တာထိုးမုန့်တွေအန်တီ'
ကျွန်မပြောပြောဆိုဆိုနဲ့သူတို့အိမ်ပေါ်တက်သွားလိုက်တယ်။
'နောက်ဖေးရောက်နေလားမသိဘူး...အန်တီ...အား...
ဘာလို့ခြေထောက်ကိုတက်နင်းတာတုန်းဟ ဟဲ့ကောင်'ကျွန်မနာကျင်မှုနဲ့အတူမျက်စိမှိတ်ကာအော်မိလိုက်ပြီးခြေထောက်ကိုပွတ်လိုက်မိသည်။
'ကန်တော့ကန်တော့ကန်တော့အမ...ညီမမတွေ့လိုက်လို့ရှင့်
အမတောင်းပန်ပါတယ်နော်'
မကြားဖူးတဲ့မိန်းကလေးအသံ....အမတဲ့....ထူးဆန်းသောအမည်မသိတစ်စုံတစ်ဦးရဲ့အသံကြောင့်မော့ကြည့်မိလိုက်တယ်။
YOU ARE READING
She(သူမ)
General Fictionသူမကိုပိုင်ဆိုင်သည်သို့သော်သူမကိုယ်ခန္ဓာမှာတခြားတစ်ဦးတွင်သာ...။