0.5

965 91 70
                                    

[[ Unicode ]]

မြင်းစီးရာတွင် လူပါခုန်လှုပ်နေရုံသာမက နှလုံးသားသည်ပင် တလှုပ်ရွရွဖြစ်နေလျှက်။

တခါတရံအရှိန်ပြင်းစွာ အားသွန်ခွန်စိုက်,အပြေးနှင်နေသည့် ဤမြင်းနက်ကြောင့် လှုပ်ခါသွားသော ခန္ဓာကိုယ်လေးသည် ဓားပြဗိုလ်၏ရင်ခွင်ကျယ်ထဲမြုပ်ဝင်လာရပြီး လူချင်း ပူးကပ်သွားရသည်။

နောက်ကျောမှထိုလူသည် အရှေ့သို့ရောက်ရောက်လာရ ကာ မြင်းကုန်းနှီးပေါ်ရှိ ကုကုစံမှာ မြင်းဇက်ကြောပေါ်သို့ ရောက်တော့မည့်အဖြစ်။

ရုတ်တရက်၌ ထိုလူသည် ကုကုစံ၏ပခုံးတဖက်ပေါ်သို့
မေးတင်လာတော့၏။ထိုမျှမက မြင်းဇက်ကြိုးအား ထိန်းကိုင်ထားသောသူ့လက်တစ်ဖက်သည် ထိုကြိုးကိုလွှတ်၍ ကုကု၏ခါးကျဥ်ကျဥ်လေးထက် နေရာယူလာသည်မှာ အားပါးတရ။ အင့်ခနဲ,အသံပိစိလေးတောင် ထွက်သွားရသည်။

ခရီးလမ်းတလျှောက် လေတဖြူးဖြူး တိုးဝင်တိုက်ခတ်ရာ အအေးဓာတ်ဆောင်နေပါသော်လည်း ခန္ဓာကိုယ်မှာ
အနွေးငွေ့များကာရံလို့အဖက်ခံထားရသဖြင့် ပူရှိန်းရှိန်း။

ရဲတွတ်နေသောနားဖျားလေးသည် သွားချွန်ချွန်လေး၏
ကျီစယ်မှုအား ခံလိုက်ရပြီး နီစွတ်စွတ်ပါးအို့ကလေးမှာလည်း နှာတံစင်းစင်းတို့ ခိုဝပ်သွားရာ အိခနဲနစ်ဝင်လို့။ မူလကပင် မငြိမ်သက်နေခဲ့သောနှလုံးသားဟာ ယခုတော့ဖြင့် ကဆုန်ပေါက်သွားရချေပြီ။

ယင်းကဲ့သို့ ပြုမူခံရ၍ ကုကုစံမှာ ငြင်းဆိုလိုက်ချင်သော်ငြား ကြောက်ရွံ့မှုတို့အုပ်လွှမ်းထားရာ အနည်းငယ်မျှ ငြူစူပြစ်တင်သံများ မထွက်ရဲနိုင်။ တဖက်သို့ မျက်နှာလေးလွှဲထားပြီး မြင်သမျှအရာအား ငေးကြည့်နေမိသည်။

"ကျုပ် မင်းကို မြင်မြင်ချင်း မေတ္တာရှိသွားခဲ့တာ"

ဩရှရှအသံတိုးတိုးသည် နားထဲသို့တိုက်ရိုက်ဝင်လာ၏။ နှုတ်ခမ်းတွေမှာ နားဖျားနှင့် မထိတထိပြုမူ၍။ တကြိမ်
ထပ်ပြီး ဖောင်းကစ်ကစ်ပါးမို့နီလေးမှာ မွှေးကြူခံလိုက်ရပြန်သည်။ ကုကုစံ နှုတ်ခမ်းလေးစုချွန်သွားရ၏။ ဓားပြဗိုလ်ကြီး၏အနမ်းတွေကို သူ,အလိုမရှိလှပါ။

ဗိုလ်ဂျမ်းထယ်Where stories live. Discover now