ဇန်နဝါရီလ၊ ၁၉၉၀ ခုနှစ်။
အေးစိမ့်နေတဲ့လေထုက မခေလှ။ ကာလဒေသနှင့် မည်မျှပင်အသားကျနေစေကာမူ ယခုအချိန်က သာမန်လူတစ်ယောက်အဖို့ အနွေးထည်သုံးေလးထပ်လောက် ထပ်ဝတ်ထားသင့်သည့် ကာလပင်ဖြစ်၏။
ညနေ ၅ နာရီဟာ ပုံမှန်အတိုင်းဆိုလျှင် သာယာသည့် နေဝင်ဆည်းဆာအချိန်ကောင်းလေးဖြစ်နိုင်သော်ငြား ယခုတော့ အေးခိုက်နေသည့် ေဆာင်း၏သင်္ကေတဖြစ်သော နှင်းငွေ့တို့က ဟိုသည်ကူးလို့ ဝေနေလေပြီ။ အပြာနုရောင်ဝန်းကျင်ငယ်ကို ဟေမာန်၏ တိမ်စိုင်တို့က ခဏတွင်းချင်းမှာပင် နက်ပြာရောင်မှိုင်းမှိုင်းခြယ်လို့ တစ်မျိုးအလှဆင်ပြန်သေး၏။ ခပ်စောစောအလုပ်သိမ်းလာကြတဲ့ တံငါသည်တို့မှာလည်း ၄င်းတို့၏ လှေငယ်များကို စွန့်ခွာကာ မေးချင်းရိုက်မျှ အေးခိုက်မှုကိုအံတုလျက် ကမ်းပေါ်သို့ အမြန်ပြေးတက်လာကြတယ်။
မြင်ကွင်းတစ်ဆုံးထိ ကျယ်လေတဲ့ အနန္တပင်လယ်ရယ်၊ တိမ်စိုင်တွေကြား ပြေးလွှားလျက်က တစ်စတစ်စ ငိုက်မြည်းလာတဲ့ နေဝန်းညိုညိုရယ်၊ အိပ်တန်းပြန်တက်ကြတဲ့ ငှက်ငယ်အပေါင်းရယ်၊ ချည်တိုင်ဆီကို တစ်ခေါက်ပြန်လည်လာကြတဲ့ လှေငယ်တွေရယ်၊ ပြီးတော့ ထိုအလှတရားတို့အား တန်ဆာဆင်မပေးနိုင်တဲ့ အလွမ်းသမားလေး သူ..ရယ်။
ကမ္ဘာမြေဟာ ငြိမ်သက်စွာ ကျယ်လောင်လျက်ရှိတယ်။ အဖော်မဲ့သူ့ နှလုံးသားဟာလည်း နာကျင်စေသူကိုသာ နာကျင်စွာ တောင့်တလျက် ရှိရဲ့။ တစ်ခါတစ်ရံမှာ အော်ဟစ်ငိုကြွေးခြင်းထက် တိတ်တဆိတ်ပူဆွေးရခြင်းက အဆများစွာ ပူလောင်စေပြန်တယ်။ ဒါပေမယ့် ဘယ်တတ်နိုင်မလဲ။ သူ မငိုချင်လို့မှမဟုတ်ပဲ။ ဆက်ပြီး ငိုဖို့မျက်ရည်မကျန်တော့ခြင်းသာ။
♡-♡-♡-♡-♡
" အကြာကြီးစောင့်လိုက်ရလား မူရာ..."မှေးမှိတ်ထားတဲ့မျက်လုံးတွေကို လက်ဖျားထိပ်တို့နှင့် အသာထိရင်း ဆိုလာတဲ့ လေသံတိမ်တိမ်ဟာ မူရာ့ရင်ကို ကားတစ်စီးနဲ့ အရှိန်ပြင်းပြင်း ဝင်ဆောင့်လိုက်သလိုမျိုး ထိချက်ပြင်းလေတယ်။
YOU ARE READING
𝐆𝐇𝐎𝐒𝐓
Fanfiction" တက်လေ မူရာ။ ကိုကို့ကိုယုံပါ။" " ရူးနေလို့ ထပ်ယုံရမှာလား။ ဒါနောက်ဆုံးပဲ ရှင်းမ်။ ခင်ဗျား သိပ်မျှော်လင့်မနေနဲ့။" " အင်းပါ။ ကိုယ် ဒီ့ထက်လည်း ဘာမှထပ်မျှော်လင့်လို့မရတော့ပါဘူး ကလေးရယ်။"