Love

192 18 0
                                    

 မနက်ခင်းနေရောင်ခြည် က လှလှပပ လေးနဲ့ နူးညံ့စွာကျဆင်းနေတယ် ပန်းခြံထဲမှာစိုက်ထားတဲ့နှင်းဆီပန်း လေးတွေက နေရောင်ကြောင့်နဂိုရှိရင်းစွဲအလှထက်ပိုလှနေတယ်။နွေးထွေးတဲ့နေရောင်ခြည် လေပြေအဝေ့‌မှာ မွှေးပျံ့လာတဲ့နှင်းဆီရနံ့  ခပ်ဆွေးဆွေးသီချင်းတစ်ပုဒ်၊ကော်ဖီတစ်ခွက်၊ချစ်ရသူနဲ့အတူရိုက်ထားတဲ့ ဓါတ်ပုံ အယ်ဘမ် တစ်ချပ်။ အရာရာက သိပ်ကိုလှပနေခဲ့တယ်။ အင်း...။ သိပ်ကိုလှပနေခဲ့တာပေါ့ ဒါပေမဲ့ တစ်ခုခုလိုအပ်နေသေးတယ် ။ ချစ်ရတဲ့သူ.......။
 

ကျမချစ်ရတဲ့သူ ကျမခေါ်တဲ့နာမ်စားကတော့ မောင်.....တဲ့။ “မောင်.... " ကျမနှုတ်ဖျားကနေ ထွက်ကျလာတဲ့စကားသံ ကျမ ကတော့ လေ “မောင်" ဆိုပြီးတီးတိုးရေရွတ်မိတာကိုတောင်မောင့်ကိုသတိတရဖြစ်ပြီးပြုံးနေမိတာပါပဲ။ ကျမသိပ်ချစ်ရတဲ့မောင်ကလေ သိပ်ကို လှပတဲ့ဖြစ်တည်မှုလေးတစ်ခု ..။ မောင်ကလေ ကျမမတိုးဝင်ပဲမနေနိုင်အောင် ဖြစ်ရတဲ့ ပျားရည်အိုင်လေးပဲ ချိုမြိန်မှုအပြည့်နဲ့ဖမ်းဆုတ်ထားနိုင်တဲ့သူပေါ့လေ။ ကျမအတွက် မောင့်ရဲ့ဖြစ်တည်မှုက သိပ်ကိုထူးခြားတယ်..။  ကျမပင်ပန်းတဲ့အချိန် စိတ်အားငယ်တဲ့အချိန် ဝမ်းနည်းပြီးအထီးကျန်နေတဲ့အချိန်ဖြစ်နေရင်တောင်  မောင့်ရဲ့ အသံကြားရုံ မောင့်မျက်နှာလေးမြင်ရုံ မောင့်အနွေးဓါတ်လေးရရုံနဲ့တင် အရာအားလုံးကိုမေ့ပျောက်သွားအောင်စွမ်းနိုင်တဲ့သူလေးလေ...။

မောင်ကလေ သိပ်ကိုလှတာ မျက်လုံး..မျက်ခုံး...နှာတံ..နှုတ်ခမ်း...အရပ်မောင်း...ခန္ဓာကိုယ် အချိုးစားး...နောက်ဆုံး ဆံနွယ်ရှည်တွေကပါသိပ်လှတဲ့ဖြစ်တည်မှု။ ဆံနွယ်ရှည်ဆိုလို့အံ့ဩသွားလားမသိ တကယ်တော့ ကျမသိပ်ချစ်ရတဲ့မောင်က အမျိုးသမီးငယ်လေးပါ ....။ သိပ်ကိုလှပတဲ့ဖြစ်တည်မှုနဲ့ ပျော်ဝင်ချင်စရာကောင်းလွန်းလှတဲ့ဖြစ်တည်မှု‌လေးရယ်ပါ.....။

           မျက်လုံးနှစ်လုံးဖွင့်တာနဲ့ တန်းပြီးသတိရမိတာက ဒီနေ့ meeting ရှိတာပဲ သွားပြီ....သွားပြီ  ဂျင်းနီ ကင် ရေ နင်တော့သေပြီပဲ ...။ မနေ့ညက သူငယ်ချင်း‌ တွေနဲ့ ပြန်ဆုံတဲ့အထိမ်းမှတ်နဲ့ ဘားမှာ သောက်တာများသွား ပြီး ခုမနက် အစည်းဝေးရှိတာမေ့နေတော့ မထနိုင်တော့ဘူးပေါ့...။ ဟူးးးးးး အပြေးလွှားရေချိုး အဝတ်စားလဲပြီး သက်ပြင်းတစ်ချက်ချမိသွားသည်။Daddy ကစည်းကမ်းသိပ်ကြီးတာ အရာရာကို တိတိကျကျနဲ့ ပြတ်ပြတ်သားသားလုပ်မှကြိုက်တာ။အဲ့တာကြောင့်လည်း မမ ဂျီဆူးးကို ငယ်ငယ်လေးထဲက US မှာကျောင်းတတ်ခိုင်းခဲ့တာလေ ....ပြီးတော့ ဂျင်းနီကိုရောပဲ ဂျင်းနီကတော့ မမနဲ့တူတူမတတ်ခဲ့ရပါဘူး မမနဲ့ နီးနေရင် မမကိုအားကိုးမှာစိုးရိမ်လို့ထင်ပါရဲ့ France မှာ ကျောင်းတတ်ခဲ့ရတယ်လေ။
           

LoveWhere stories live. Discover now