Part 1

259 13 2
                                    

#Unicode

"ဟင့်အင်း စူးရှ!! စူးရှ!! သမီးလေး!!

ကယ်ကြပါဦး..။ သမီးလေးကို ကယ်ပေးကြပါဦး။ ကျွန်မတောင်းပန်ပါတယ်..။ ကျွန်မသမီးလေးကို ကယ်ပေးကြပါဦးရှင်...!!!

စူးရှ..!!!!"

တိမ်တိုက်မေ ဘယ်လောက်ပဲ အော်ဟစ်နေပါစေ မည်သူကမျှ သူမ၏ အော်သံအား မကြားခဲ့ကြပါချေ။ ထို့နောက် နီရဲတောက်လောင်နေသော မီးလုံးကြီးက စူးရှမေ ပိတ်မိနေသော အိမ်ပျက်ကြီးအား ဝါးမြိုသွားခဲ့သည်ကိုသာ စိတ်ပျက်အားငယ်စွာ ရပ်ကြည့်နေခဲ့ရလေသည်။

"သမီးလေး!!!!"

°°°°°°°
*ကျွီ../ ဒုန်း!!!*

"တိမ်လွှာ!!!! သားလေး...!!!"

တိမ်တိုက်မေ ကူကယ်ရာမဲ့စွာ ပြေးလွှားလျက် သူမ၏ သားလေးအား ပွေ့ဖက်လိုက်သော်ငြား လက်များက တိမ်လွှာခန့်အား ဖြတ်ကျော်လျက် လေဟာနယ်တစ်ချို့ကိုသာ ဖမ်းဆုပ်မိလေသည်။ လှည့်ကြည့်လိုက်တော့ သူမအား အမြဲတစေ ချစ်မြတ်နိုးစွာ ငေးကြည့်နေတတ်သည့် သူမ၏ သားလေး တိမ်လွှာခန့်သည်ကား နီရဲနေသော သွေးအိုင်ကြီးအလယ်၌ ငြိမ်သက်စွာ လဲလျောင်းနေလေ၏။

အနီးအနားတွင်တော့ ပျက်စီးနေသော ကားတစ်စီး အပြင် ဝိုင်းအုံကြည့်နေသော လူအုပ်ကြီးရှိလေ၏။

"ကယ်ကြပါဦး!!! ဆေးရုံတင်ကား!!!! ဆေးရုံတင်ကား ခေါ်ပေးကြပါ...!!!

သားလေး..!!! တိမ်လွှာ!!!"

°°°°°°
"ဟင့်အင်း!!! ရှင်မသောက်ရဘူး..!!!

ရှင် အဲ့ဒီခွက်ကို ချထားလိုက်ပါ..!! ကျွန်မတောင်းပန်ပါတယ်... ။ ကျွန်မ မှားတာပါ။ ကျွန်မ မှားမှန်းသိပါပြီ။ ကျွန်မတောင်းပန်ပါတယ်။ ကျွန်မမှားတာပါ...

ကျွန်မ ဘာမဆို လိုက်လျောပါ့မယ်။ ခိုက်ရန်ရှင်း!!! ရှင်အဲ့ဒီ အဆိပ်ခွက်ကြီးကို ချလိုက်ပါတော့..!! ရှင်တောင်းဆိုသမျှ လိုက်လျောပါ့မယ်...။ ရှင်အလိုရှိခဲ့သလို ရှင့်ဘေးမှာပဲ နေပေးပါ့မယ်...!!

ခိုက်..!!! မသောက်ပါနဲ့!!!"

တိမ်တိုက်မေ ဘယ်လောက်ပဲ ငိုကြွေးပြီး အော်ဟစ်နေပါစေ ခိုက်ရန်ရှင်းသည်ကား မကြားရှာ။ အဆိပ်ခွက်ကို လုယူလိုက်သော်လည်း လက်တို့က ခွက်ကိုဖြတ်လျက် လေဟာနယ်ထဲ၌သာ ရပ်တန့်နေလေသည်။

Reborn To Be With YouWhere stories live. Discover now